ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

ရွာငံတွင် ပျူစောထီး စစ်တပ်သတင်းပေး တစ်ဦးအား ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

ရွာငံတွင် ပျူစောထီး စစ်တပ်သတင်းပေး တစ်ဦးအား ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

Hsan Loi Editor
12/01/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း ၊ ဓနုဒေသ၊ ရွာငံမြို့နယ်တောင် ကြားကျေးရွာတွင် နေထိုင်ပြီး ရပ်စောက်မြို့ ဗထူးတပ်အမှတ်(၅၀၉) ခြေမြန်တပ်ရင်းမှ သင်တန်းဆင်းလာသည့် ဦးကျော်မဲဆိုသူအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဇနဝါရီ ၁၁ ရက်တွင် Ywangan PDF-(JPRF)က ထုတ်ပြန်ထားသည် ။

” သူ့ရဲ့လုပ်ရပ်ကိုတရွာလုံးကမကြိုက်ဘူး။ သူက စစ်တပ် ကိုလဲ ရွာထဲခေါ်လာတယ်။ စစ်ကြောင်းထိုးရင်သူကလမ်းပြပေးပြီးရွာထဲမှာရှိတဲ့PDFနေအိမ်တွေကိုလိုက်ပြတယ်။ မီးရှို့ဖျက်ဆီးတယ် ” တောင်ကြားကျေးရွာဒေသခံတစ်ဦးကပြောသည် ။

ဦးကျော်မဲသည် ရွာငံမြို့နှင့်ပင်းတယမြို့နယ်တို့တွင် ပျူစောထီးသင်တန်းများ လိုက်ပေးနေသူဖြစ်ပြီး ကျေး ရွာတော်တော်များတွင်လဲ ပျူစောထီးများစု ဆောင်းပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည် ။

၄င်းသည် တပ်မ(၅၅)ဘက်တံဆိပ်ဖြင့် စစ်ကြောင်းတွင်လိုက်ပါနေသူဖြစ်ပြီး စစ်ကြောင်းမှနေအိမ်သို့ပြန်နားချိန်တွင် Ywangan PDF-(JPRF)နှင့်တပ်ခွဲ (၃) မှော်ဘုရင်စစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့ပူးပေါင်းကာ ဇန်နဝါရီလ၊ (၁၀)ရက် ညနေ ၆း၄၅မိနစ်အချိန်တွင်ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ယူနီဖောင်း၊ AKကျည်(၁၀)တောင့်၊ လက်ပစ်ဗုံး (၂)လုံးတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည် ။

ထို့အပြင် ရွာငံမြို့နယ်၊ပင်းတယမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို ပြည်သူ့ရင်ခွင်ထံ အမြန်ဆုံးခိုလှုံကြရန် Ywangan PDF-(JPRF)ဆက်လက်အသိပေးထားသည်။

Photo – Ywangan PDF-(JPRF)