နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရေပူရွာကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA တို့က တစ်ရက်တည်း လက်နက် ကြီးနဲ့အကြိမ် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက် 

ရေပူရွာကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA တို့က တစ်ရက်တည်း လက်နက် ကြီးနဲ့အကြိမ် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက် 

Hsan Loi Editor
30/01/2025
Share:

 

သျှမ်းပြည်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ် ထဲက ရေပူကျေးရွာအတွင်းကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO/PNA တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတစ်ရက်တည်း လက်နက် ကြီးနဲ့အကြိမ် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ် ။

 

မနေ့ (ဇန်နဝါရီလ ၂၉ ရက်) နေ့လည် ၁၂:၃၀ အချိန်က စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည် သူ့စစ် PNA တို့ဟာ ဖယ်ခုံအနောက်ဖက်ကမ်း နန်း‌ တောင်းနဲ့ မိုးဦး ကနေပြီး ရေပူကျေးရွာကို လက် နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

 

” ဒီဖက်မှာ ဘာတိုက်ပွဲမှ မရှိဘူး စစ်တပ်က အထင်နဲ့ရမ်း ပစ်နေတာ ၊ PDF တွေ ရှိတယ်လို့ သူတို့ယူဆရင်ရမ်းသန်း ပစ်တာပဲ ခံရတော့ လက်နက်မဲ့လူထုတွေ ” လို့ ညောင်ရွှေ ဒေသခံတစ်ဦးကပြောပါတယ် ။

 

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရေပူရွာထဲလက် နက် ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိ‌ ပေမဲ့ နေအိမ် ၁ လုံး လက်နက်ကြီးစထိမှန် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ် ။

 

ဒါ့အပြင် ရေပူရွာ အရှေ့ဘက် မှာလက်နက်ကြီး ၁၉ လုံး ကျရောက်ခဲ့တဲ့ အတွက်တစ်ရက်ထဲမှာပဲ စစ်ကောင်စီနဲ့လက်အောက်ခံ PNA တို့ရဲ့လက်နက်ကြီး ပစ်ခတ်မှုအရေအတွက် စုစုပေါင်း ၂၂ လုံး ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ် ။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၅) ရက်ကလည်း ရေပူရွာကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့ စစ် PNO/PNA တို့ကမီးလောင်ဗုံး အပါအဝင် လက်နက်ကြီးနဲ့ ၅ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း ကဒေသခံပြည်သူနေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ် ။

 

Photo – အင်းလေးဒေသလူ့အခွင့်အရေး