ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တောင်ကြီးမြို့နယ်၊ အေးသာသာယာတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေစီးသန်သည့်မြောင်းထဲတွင်မျောပါသေဆုံး သွားကြောင်း သိရသည် ။
” အဲ့ဒီကလေးကျသေတဲ့မြောင်းက သူ့အိမ်နဲ့ မဝေးဘူး ၊ လူကြီးတွေလစ်တုန်း ရေသွားဆော့တာပေါ့ ၊ အဲ့ဒီမြောင်းကရေကြီးလာရင်လူကြီးတောင်ပါသွားနိုင်တယ် ရေ တက်တဲ့အချိန်ဆို ၅ ပေလောက်ရှိတယ် ၊ ဒီမှာက မိုးကြီးရင် ကလေးတွေသတိထားကြည့်ရမယ် နှစ်တိုင်းကြားနေရတာ စိတ်မကောင်းဘူး ” ဟု အေးသာယာနယ် မြေခံတစ်ဦးကပြောသည် ။
၄င်းဖြစ်စဥ်သည် စက်တင်ဘာ ၁၆ ရက်ကအေးသာယာ နယ်မြေ (၅)တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူကလေးငယ်သည် ရေစီးဖြင့်မျောပါသည့်အရှိန်ကြောင့် ဦးခေါင်းထိခိုက်မှုရှိပြီး အရိုးများလဲကျိုးနေကြောင်း အဆိုပါနယ်မြေခံများထံမှ ဆက်လက်သိရသည် ။
ယခုရက်သတ္တပတ် အတွင်းမိုးများအဆက်မပျက်ရွာသွန်းမှုကြောင့် အေးသာယာတွင် မြောင်းရေကြီးခြင်း၊ ချောင်းရေလျှံခြင်းများဖြစ်ပေါ်နေပြီး ယခု ကဲ့သို့ ရေစီးဖြင့် မျောပါသေဆုံးခြင်းများလည်းနှစ်စဥ်ဖြစ်ပွားတတ်ကြောင်း ဒေသခံများထံမှ သိရသည် ။
Photo – credit