ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မတ်လ ၁၄ ရက် နံနက် မိုးမလင်းခင် ၂း၄၅ မှ ၃း၃၀ နာရီ ဝန်းကျင်ထိ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ နောင်ဝိုးရွာရှိ အိမ်ခြေ ၃၀၀ ၏ အိမ်ခေါင်မိုးများ မိုးသီးကြီးများ ရုတ်တရက်ကြွေကျလာခြင်းကြောင့် အိမ်အမိုးများ ထိခိုက် ပျက်ဆီးဆုံးရူံးသွားခဲ့ကြောင်း သိရပါသည်။
ပျက်ဆီးဆုံးရူံးသွားသည့် နေရာများတွင် ရွာထဲရှိအိမ်များအပါအဝင်
၁။ နောင်ဝိုးဘုန်းကြီးကျောင်း
၂။ နောင်ဝိုး ဆရာတော် အဆောင်
၃။ နောင်ဝိုး စေတီ ၁ ဆူ
၄။ နောင်ဝိုး သီလရှင်ကျောင်းဆောင် ၂ ဆောင်
၅။ နောင်ဝိုး ဇရပ် ၉ ခန်းဆောင်
၆။ နောင်ဝိုး ဇရပ်ငယ်
၇။ နောင်ဝိုးရုံး ၁ ရုံး
၈။ နောင်ဝိုးဆေးရုံ
၉။ နောင်ဝိုး ရွာစောင့်နတ်စင် ၂ ခု
၁၀။ နောင်ဝိုး စာသင်ကျောင်း ၁ ကျောင်း
၁၁။ နောင်ဝိုး ဆရာ/ဆရာမများ အဆောင် ၁ လုံး
၁၂။ ကလေး စာသင်ဆောင် ၁ လုံး
၁၃။ နားကတ်ကျေးရွာ စာသင်ကျောင်း ၁ ဆောင်
၁၄။ နားကတ်ကျေးရွာ ဘုန်းကြီးကျောင်း ၁ ဆောင်
၁၅။ ကုန်းတိန်း စာသင်ကျောင်း ၁ ဆောင်တို့ ပါဝင်ပါသည်။
နောင်ဝိုးကျေးရွာရှိ ထိခိုက်ပျက်စီးသွားသည့် အိမ်ခြေပေါင်း ၃၀၀ ဖြစ်ပြီး နားကတ်ကျေးရွာ ကုန်းတိန်း အိမ်ခြေပေါင်း ၄၅ အိမ်ဖြစ်သည်ဟု သိရသည်။
အိမ်ငယ် ၁ လုံးလျှင် အနည်းဆုံး ကျပ် ၃ သိန်းနှင့် အိမ်ကောင်း ၁ လုံးလျှင် ကျပ် သိန်း ၃၀ ခန့် ဆုံးရူံးသွားခဲ့သည် ဟုသိရသည်။
မိုးသီးကြီးများကြွေကျရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်ဆီးဆုံးရူံးသွားသော နောင်ဝိုးရွာနှင့် နားကတ်ကျေးရွာသို့ ဆက်သွယ်လှူဒါန်းလိုလျှင် အောက်ပါ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ဆက်သွယ်လှုဒါန်းနိုင်ပါသည်။
09-696-536-743
Source: Tai TV Online