ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ပါဝင်ပတ်သက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ စစ်တပ်အရာရှိ (၂၃)ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ပါဝင်ပတ်သက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ စစ်တပ်အရာရှိ (၂၃)ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်

Hsan Loi Editor
14/02/2025
Share:

 

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ရာမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း အပါအဝင် စစ်တပ်အရာရှိ (၂၃)ဦးကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဗြိတိန် အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK က ယနေ့ ဖေဖော်ဝါရီလ (၁၄)ရက်မှာ ထုတ်ပြန်လိုက်တာပါ။

 

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်လိုက်တဲ့အတွက် ရိုဟင်ဂျာတွေနဲ့ စစ်ကောင်စီအောက်မှာ ခံစားနေရတဲ့ မြန်မာပြည်သူတိုင်းရဲ့ တရားမျှတမှုအတွက် သမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်တယ်လို့ BROUK ရဲ့ ဥက္ကဌ ဦးထွန်းခင် က ပြောပါတယ်။

 

၎င်းက အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ရဲတပ်ဖွဲ့ INTERPOL ထံသို့ ရောက်ရှိနိုင်ပြီး ၎င်း၏အဖွဲ့ဝင် ၁၉၆ နိုင်ငံလုံးတွင် ‘အနီရောင်သတိပေးချက်’ ထုတ်ပြန်ကာ မင်းအောင်လှိုင်အား အာဂျင်တီးနား တရားခွင်သို့ လွှဲပြောင်းပေးရန်အတွက် ဦးတည်သွားနိုင်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC)မှ တရားလိုရှေ့နေ Karim Khan ၏ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက် ICC မှ ဖမ်းဝရမ်းထုတ်ခြင်း စီရင်ချက် မချရသေးသော်လည်း အာဂျင်တီးနား၏ ဖမ်းဝရမ်းထုတ်ခြင်းသည် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာတရားစီရင်ရေး လုပ်ငန်းစဉ်များဖြစ်တဲ့ နိုင်ငံတကာတရားရုံးနှင့် နိုင်ငံတကာရာဇ၀တ်ခုံရုံးတို့မှာ အားဖြည့်ပေးမှာြဖစ်တယ်လို့ ထုတ်ပြန်ရေးသား ထားပါတယ်။

 

Photo – Internet