ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရပ်စောက်မှ မန္တလေးသို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား(၁၅)သိန်းပြား ငွေကျပ်တန်ဖိုး(၇၅၀၀)သိန်းအား နောင်ချိုမြို့နယ် ဒုဌဝတီတံတားအနီးတွင် ဖမ်းဆီးရမိ

ရပ်စောက်မှ မန္တလေးသို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား(၁၅)သိန်းပြား ငွေကျပ်တန်ဖိုး(၇၅၀၀)သိန်းအား နောင်ချိုမြို့နယ် ဒုဌဝတီတံတားအနီးတွင် ဖမ်းဆီးရမိ

Hsan Loi Editor
09/05/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့မှ နောင်ချိုမြို့သို့ သယ်ဆောင်ပြီး ထိုမှတဆင့် မန္တလေးမြို့သို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား(၁၅)သိန်းပြားအား နောင်ချိုမြို့နယ် ဒုဌဝတီတံတားအနီး၌ မေလ(၃)ရက်နေ့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ CCDAC Myanmar က ဖော်ပြခဲ့သည်။

 

မေလ(၃)ရက်နေ့က ရပ်စောက်မြို့မှ နောင်ချိုမြို့သို့ ယာဉ်မောင်းညီညီအောင် မောင်းနှင်လာသော Light Truck ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် မောင်းနှင်ထွက်ပြေးခဲ့သောကြောင့် နောင်ချိုမြို့နယ် မကျီးရေကျေးရွာအနီးအရောက်၌ လမ်းချော်ပြီး တိမ်းမှောက်ခဲ့သည်ဟု သိရသည်။

 

မိုင်တိုင်အမှတ် ၁၁၇/၃ အနီး တိမ်းမှောက်ခဲ့သော အဆိုပါယာဉ်အား စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က ရှာဖွေစဉ် ယာဉ်ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား(၁၅)သိန်းပြား ငွေကျပ်တန်ဖိုး(၇၅၀၀)သိန်းအား တွေ့ရှိခဲ့သည်။ ထို့ကြောင့် ယာဉ်မောင်းဖြစ်သူ ညီညီအောင်အား ဖမ်းဆီးထားပြီး ကွင်းဆက်သယ်ဆောင်ခိုင်းသူများအား ဆက်လက်စုံစမ်းနေကြောင်း ဖော်ပြခဲ့သည်။

 

များပြားလှသော မူးယစ်ဆေးဝါးများကို စစ်ကောင်စီအဖွဲ့အပြင် လက်နက်ကိုင်ပေါင်းစုံရှိသော ရပ်စောက်-နောင်ချိုလမ်းပေါ် သယ်ဆောင်လာခြင်းသည် သံသယဖြစ်စရာဖြစ်သည်။