ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဖောင်းတောကျေးရွာအုပ်စု ဘုရားဖြူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဧပြီလ (၁၉)ရက်နေ့ ည(၉)နာရီခန့်၌ ဖယောင်းတိုင်မီးပူဇော်ရာမှ ဖယောင်းတိုင်လဲကျပြီး ကျောင်းဆောင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် ပေ ၈၀ x ၆၀ သွပ်မိုး၊ ပျဉ်ကာ ပျဉ်ခင်း ကျောင်းဆောင်တစ်လုံး မီးလောင်ပြာကျခဲ့ရသလို ကျောင်းဆောင်အတွင်း ပိတ်မိခဲ့သော သံဃာတော်တစ်ပါး မီးလောင်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ရကြောင်း သိရသည်။
ထိုအတူ ကျောင်းအတွင်းရှိ နဝကမ္မပစ္စည်းများလည်း မီးလောင်သည့်အထဲပါသွားသလို သံဃာတော်တစ်ပါးလည်း ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။