ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ရခိုင်ဒေသ စစ်ဆင်ရေး (၁)နှစ်အတွင်း AA မှ ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်ရှိ မြို့(၁၁)မြို့အား သိမ်းပိုက်ရရှိပြီး ရခိုင်ပြည်နယ်တစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ဒေသ စစ်ဆင်ရေး (၁)နှစ်အတွင်း AA မှ ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်ရှိ မြို့(၁၁)မြို့အား သိမ်းပိုက်ရရှိပြီး ရခိုင်ပြည်နယ်တစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေ

Hsan Loi Editor
15/11/2024
Share:

 

ရခိုင်ဒေသ စစ်ဆင်ရေး(၁)နှစ်အတွင်း အာရက္ခ တပ်‌တော် AA မှ ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်ရှိ မြို့(၁၁)မြို့အား သိမ်းပိုက်ရရှိပြီး ရခိုင်ပြည်နယ်တစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေကြောင်း AA ထံမှ သိရသည်။

 

ရခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့မှ စတင်ပြီး ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့အထိ တစ်နှစ်အတွင်းတိုက်ပွဲအရှိန်သည်လျော့ကျသွားခြင်း မရှိဘဲ နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဆက်လက်ပြင်း ထန်လျက်ရှိကြောင်း သိရသည်။

 

AA အနေဖြင့် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီနယ်ခြားစောင့်စခန်း အပါအဝင် စစ်ကောင်စီ၏ စစ်ရေးအရအရေးပါပြီး အားနည်းသည့် တပ်စခန်းများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ‌ပေါက်တော၊ သံတွဲ နှင့် ကျိန္တလီမြို့များရှိ ရန်သူ့စခန်းအားလုံးကို စစ်ဆင်ရေး (၁)နှစ် မပြည့်မီကာလအတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့အပြင် အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်း များထဲမှ အမှတ်(၃၇၃) ခြေမြန်တပ်ရင်း၊အမှတ်(၃၇၄) အမြောက်တပ်ရင်း၊ အမှတ်(၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ်(၃၄၅) စစ်လက်နက် ပစ္စည်းတပ်ခွဲ၊ အမှတ်(၈)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား AA မှ သိမ်းပိုက်ရရှိထားပြီးဖြစ်ပါသည်။

 

ကျန်ရှိနေသေးသော တပ်ရင်း၊ တပ်ခွဲများကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး သိမ်းပိုက်ရရှိထားပြီးသောစခန်းများမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသောကြောင့် အမ်း၊ နပခဌာနချုပ်ရှိရာ ပတ်ဝန်းကျင်မှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း သတင်းရရှိသည်။