ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ယူရို ၄၀၀၀ နဲ့ အိပ်ပါပစ္စည်းတွေကို ပြန်လိုက်ပေးတဲ့ ကားမောင်းသမား

ယူရို ၄၀၀၀ နဲ့ အိပ်ပါပစ္စည်းတွေကို ပြန်လိုက်ပေးတဲ့ ကားမောင်းသမား

Hsan Loi Editor
10/02/2023
Share:

 

ထိုင်းနိုင်ငံ ဖတ်ထရားကမ်းခြေမြို့ကို လာလည်တဲ့ ဖင်လန်က နိုင်ငံခြားဧည့်ခရီးသွားတဦးဟာ ဖတ်ထရားမြို့ပေါ်က မြို့ပတ်ကားလို လိုင်းကားပေါ် လိုက်စီးရင်း ယူရို ၄၀၀၀ ထောင်၊ လက်ကိုင်ဖုန်းနဲ့ ပစ္စည်းတွေ မေ့ကျန်ပြီး ကားပေါ်က ဆင်းသွားမိခဲ့ပါတယ်။ မြန်မာငွေနဲ့ဆို သိန်း ၁၀၀ ကျော်ဖြစ်ပါမယ်။ ၂၀၂၃ ခု၊ ဖေဖော်ဝါရီလ ၇ ရက်‌နေ့ကလို့ သိရပါတယ်။

လိတ် လို့အမည်ရတဲ့ ကားဒရိုင်ဘာဟာ သူမမေ့ကျန်ခဲ့တဲ့ပစ္စည်းပြန်ပေးဖို့ အသည်းအသန် ဟိုတယ်ထိလိုက်လံစုံစမ်းကြည့်ပြီး ပစ္စည်းနဲ့ယူရိုငွေသားအားလုံးကို ပြန်လည်အပ်နှံခဲ့ပါတယ်။

အကျင့်စာရိတ္တကောင်းမွန်ပြီး လေးစားအတုယူထိုက်တဲ့ အိမ်ရှင်ကားဒရိုင်ဘာလို့ ချီးမွမ်းခံလိုက်ရပါတယ်။