ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရတဲ့ ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂ဝဝဝဝ နှုန်းနဲ့ ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ပေးသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တိုင်းနဲ့ပြည်နယ်က စစ်ကောင်စီဝန်ကြီးချုပ်များနဲ့ တွေ့ဆုံချိန်မှာ ပြောကြားသွားတာဖြစ်ပါတယ်။
ထောက်ပံ့ငွေများပေးအပ်ရာမှာ သက်ဆိုင်ရာနယ်မြေများအလိုက် ယာယီနေရပ်စွန့်ခွာ နေရသူ များအားလုံး ပါဝင်မှုရှိစေရေး၊ စာရင်းတွင် မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေးနဲ့ စနစ်တကျ ထိထိ ရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုအပ်တယ်လို့ ပြောပါတယ်။
ယခုစစ်ကောင်စီက ကောက်ယူထားတဲ့ ယာယီနေရပ်စွန့်ခွာသူများ အရေ အတွက် စာရင်း ထုတ်ပြန်ထားတာမရှိသလို ဘယ်လိုစီမံထောက်ပံ့ပေးသွားမယ်ဆိုတာလည်း အသေးစိတ် ပြောဆိုသွား တာမရှိပါဘူး။
တိုင်းနဲ့ပြည်နယ်က စာရင်းကောက်ယူရာမှာ ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာစခန်း များမှာ ရောက်ရှိခိုလုံနေကြရသူတွေအပြင် ဆွေမျိုးများရှိရာ ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာ များတွင် နေထိုင်သူ၊ မိမိအစီအစဥ်နဲ့ နေအိမ်ဌားရမ်းနေထိုင်သူ၊ အခြားနည်းဖြင့် နေထိုင်ခြင်းများ ရှိရာသို့ နေထိုင်သူအားလုံးသည် စာရင်းကောက်ရာတွင် အကျုံးဝင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၄ နှစ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ ၃ ဒသမ ၅ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)၏ ထုတ်ပြန်အရ သိရပါတယ်။