ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၂) ရှိ Golden Hill Hotel ရှေ့ရှိ ယာဉ်ရပ်နားရာနေရာတွင် ယမန်နေ့ည (၈) နာရီခန့် အမည်မသိလူနှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးလာရောက်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဗုံးကို ဟိုတယ်လုံခြုံရေးဝန်ထမ်းက ကောက်ယူပြီး လမ်းမပေါ်သို့ပြန်လည်ပစ်ခတ်လိုက်ချိန် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ဟိုတယ်လုံခြုံရေးဝန်ထမ်း အနည်းငယ်ဒဏ်ရာ ရရှိခဲ့ပါသည်။ ဒါ့အပြင် အနီးအနားရှိ Mark 2 ကားတစ်စီးလည်း ဗုံးပေါက်ကွဲမှုကြောင့် အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။ ဗုံးလာရောက်ပစ်ခတ်သူများသည် ဗုံးပစ်ပြီးနောက် ဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ယနေ့နံနက် (၂း၃၀) ခန့်တွင် လားရှိုးမြို့ ရပ်ကွက် (၅) ရပ်ကွက်ရှိ (၅၀၇) စစ်ကောင်စီတပ်အား လက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်ဘက်မှလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာမှ နံနက် (၃း၃၀) ခန့်အထိ ပစ်ခတ်တိုက်ခိုက်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့သည်။
ဇွန်လ (၅) ရက်နေ့ကလည်း လားရှိုးမြို့ရှိ (၅၀၇) စစ်ကောင်စီတပ်အား MNDAA မှ လာရောက်ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
Photo credit & original uploader