ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ယနေ့ အောက်တိုဘာလ(၁၉)ရက်နေ့ နံနက်အစောပိုင်းက စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးအပါအဝင် (၃)ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ နေအိမ်(၁၇)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ထံမှသိရသည်။
ယနေ့နံနက် (၅)နာရီကျော်အချိန်တွင် စစ်ကောင်စီကနောင်ချိုမြို့ တောင်ရပ်ကွက်အတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရပ်ကွက်တွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲကာ ၎င်းအိမ်ရှိ မိသားစုဝင်(၃)ဦး သေဆုံးသွားကြောင်း သိရသည်။
ဆက်လက်ပြီး စစ်ကောင်စီက နောက်တစ်ကြိမ်ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ကာ အပြစ်မဲ့ပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။
ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်ည က စစ်ကောင်စီတပ်မှ နောင်ချိုမြို့အတွင်းသို့ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။