ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စည်ကားစွာကျင်းပမယ်လို့ ကြေငြာထား 

ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စည်ကားစွာကျင်းပမယ်လို့ ကြေငြာထား 

Hsan Loi Editor
25/09/2023
Share:

 

ကိုဗစ်ကပ်ရောဂါနဲ့နိုင်ငံရေးအခြေအနေတွေကြောင့် (၃) နှစ်တိုင်မကျင်းပနိုင်ခဲ့တဲ့တောင်ကြီး တန်ဆောင် တိုင်ပွဲတော်ကို ဒီနှစ်မှာစည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပွဲဖြစ်မြောက်ရေးအဖွဲ့ကအခုရက်ပိုင်းအတွင်း ကြေငြာထားပါတယ်။

 

ဒီနှစ်တောင်ကြီးမြို့တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို လာမယ့်နိုဝင်ဘာလ၂၁.၁၁.၂၀၂၃ ကနေ ၂၇.၁၁ .၂၀၂၃ ရက်နေ့အထိ (၇) ရက်တိုင် အဝေရာမီးပုံးပျံကွင်းမှာ စည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ကြေငြာထားတာပါ။

 

ဒီပွဲနဲ့ ပတ်သက်ပြီးသျှမ်းတောင်တော်လှန်ရေး အင်အားစု တွေက စစ်ကောင်စီဦးစီးကျင်းပတဲ့ တောင်ကြီးတန် ဆောင်တိုင်ပွဲမှာ မပါဝင်ကြဖို့ နဲ့ ပွဲမသွားကြဖို့တောင်းဆိုနေတာတွေလည်းရှိပါတယ်။

 

“ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲဆိုတာ ကမ္ဘာကျော်တဲ့ပွဲ စကစကဒါကို ပြချင်နေတာ အရင်လိုစည် ကားနေပြီ ပုံမှန်ဖြစ်ပြီ ဆိုပြီးပြချင်တာ ၊ အဓိကကတော့ သူတို့ဝင်ငွေတွေ ရမယ့်ပွဲပေါ့ ဒါကြောင့် ပြည်သူတွေကို မပါဝင်စေချင်တာ ၊ သျှမ်းတောင်နဲ့ နီးတဲ့ ကယားမှာပြည်သူတွေ ဒုက္ခနေကြတယ် သေနေကြတယ် တစ်နိုင်ငံလုံး ၊ ပျော်ဖို့အချိန်မတန်သေးဘူးလို့ ပြောချင်ပါတယ်” လို့ ရှမ်းတောင်တော်လှန်ရေးအင်အားစုက ရဲဘော်တစ်ဦး ကပြောပါတယ်။

 

စစ်တပ်ရဲ့ အာဏာရိပ်မကင်းတဲ့ တန်ဆောင်တိုင်မီး ပုံးပျံပွဲတော်ကို သပိတ်မှောက်ကြဖို့ တောင်ကြီးတက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်း ပြီးခဲ့တဲ့ သြဂုတ်လမှာ ကြေငြာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

 

“ တောင်ကြီးသားဆိုတော့ ရိုးရာပွဲကိုမြတ်နိုးတာပေါ့ ၊ ဒါပေမဲ့ ပျော်သင့်တဲ့အချိန်မှ ပျော်တော့မယ်။ တစ်နိုင်ငံလုံးနီးပါး သောကတွေ ဒုက္ခတွေနဲ့ ဒီလိုကာလကြီးမှာ ပွဲလည်ရမှာရှက်လို့ပါ ၊ အဝေးက ဧည့်သည့်တွေအလာများပါတယ် အခုတောင် ဟိုတယ်တွေ ဘိုကင်အပြည့် ” လို့ တောင်ကြီးမြို့ခံတစ်ဦးကဆိုပါတယ်။

 

ကိုဗစ်ကာလမတိုင်ခင်က တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ဟာ ပြည်တွင်းဧည့်သည်တွေသာမက နိုင်ငံခြား သားဧည့်သည်များကိုပါ ဆွဲဆောင်နိုင်တဲ့ သျှမ်းပြည်ရဲ့ ရိုးရာပွဲတစ်ခု ဖြစ်ပါတယ်။ မြို့တွင်းဟိုတယ် ၊ တည်းခိုခန်းများ ပြည့်နေတတ်တဲ့အပြင် လုံးချင်းအိမ်ငှားရမ်းမှုမျိုးလည်းရှိတာကြောင့် မြို့တွင်းအထူးစည်ကားလေ့ရှိပါတယ်။