ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် စစ်ကောင်စီတို့ တွေ့ဆုံသည့် ပွဲတချို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသော အသက် (၇၇) နှစ်အရွယ် (ယခင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်) ဒေါ်အောင်ဆန်းစုကြည်ကို စကစ ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မှီ လွတ်ပေးမည်ဟု ပြောဆိုမှုရှိခဲ့ကြောင်း အဆင့်ဆင့် ကြားသိရသည်။
အစည်းအဝေးခမ်းမအတွင်း ပြောဆိုမှု (သို့မဟုတ်) အလွတ်သဘော ပြောဆိုမှု၊ မည်သို့ ပြောဆိုခြင်းကို မသိပါ။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်သည် တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့ကြောင်း ကြားသိရသည်။
Photo: Burma Associated Press