ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မှတ်ပုံတင် မရှိပဲ အွန်လိုင်းပေါ်တွင်စျေးရောင်းပါက စစ်ကောင်စီအရေးယူမည်ဟုဆို

မှတ်ပုံတင် မရှိပဲ အွန်လိုင်းပေါ်တွင်စျေးရောင်းပါက စစ်ကောင်စီအရေးယူမည်ဟုဆို

Hsan Loi Editor
22/07/2023
Share:

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေး ကြီး ဝန်ဆောင် မှုလုပ်ငန်းအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပြီး မှတ်ပုံတင် မရှိပဲ အွန်လိုင်းပေါ်တွင်စျေးရောင်းပါက အရေးယူမည်ဟု ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန် ထားသည် ။

“ ဆိုင်ခန်းတွေလဲ စျေးကြီးတော့ မငှားနိုင်ဘူးဗျ ၊ သူများတွေလို ကုမ္ပဏီ ကပစ္စည်းတွေ ယူရောင်းတာလဲမဟုတ်ဘူး ၊ဒေသထွက်စာလေးတွေကို အွန်လိုင်းမှာ ရောင်းတာပါ ခုလိုဆိုကျွန်တော်တို့လို တစ်နိုင်တစ်ပိုင် အွန်လိုင်းစျေးသည်တွေ ဒုက္ခ ရောက်တာပေါ့ ” ဟု အွန်လိုင်းပေါ်တွင် သျှမ်းပြည်ဒေသထွက် အစားအစာများ ရောင်းနေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ စီးပွားရေး နှင့ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှအရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှု ဥပဒေ ပုဒ်မ ၄ ပုဒ်မ ခွဲ(ဂ) အရ အွန်လိုင်းစနစ်ဖြင့်ရောင်း ချခြင်း လုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှု လုပ်ငန်းအဖြစ်သတ် မှတ်လိုက်ပြီးမည်သူမဆို အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက် ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည် ။

“ အဓိက စစ်ကောင်စီအခွန် ဘဏ္ဍာလိုအပ်နေလို့ပေါ့ ၊အခွန်ကိစ္စနဲ့ပတ်သက်လာရင် တစ်ခုပြီးတစ်ခု ခုလိုလုပ်လာတာကို ကြည့်ခြင်းအားဖြင့်စစ်ကောင်စီအတွက် ငွေဝင်တဲ့လမ်းကြောင်းက ပြည်သူတွေဆီပြန်ညစ်မှရတော့မယ့် အခြေအနေဖြစ်နေတယ်လို့မြင်တယ်။ လောင်း ကစားဂိမ်းတွေ မှိုလိုပေါက်နေတာ အဲ့တာတွေကျတော့ဘယ်လိုကိုင်တွယ်မလဲ တစ်နိုင်တစ်ပိုင်အွန်လိုင်းပေါ်စျေးရောင်းတဲ့သူတွေပဲ အထိနာမယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးကသုံးသပ်ပြောဆိုသည်။

၄င်းအမိန့်ကြော်ငြာစာကို ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ် ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီး ကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခြင်း ခံရမည် ဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။