ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များအား ဒေသခံကာကွယ်ရေးတပ်မှ ဒရုန်းဖြင့်တိုက်ခိုက်မှု ဌာနဆိုင်ရာအရာရှိများ သေဆုံးခဲ့ဟုဆို

မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များအား ဒေသခံကာကွယ်ရေးတပ်မှ ဒရုန်းဖြင့်တိုက်ခိုက်မှု ဌာနဆိုင်ရာအရာရှိများ သေဆုံးခဲ့ဟုဆို

Hsan Loi Editor
04/09/2023
Share:

 

ယမန်နေ့ စက်တင်ဘာလ(၃)ရက်နေ့ ည(၇)နာရီဝန်းကျင်ခန့်တွင် မြဝတီမြို့ ရဲစခန်းအား ဒေသခံကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုကမှု စစ်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာဝန်ထမ်း(၅)ဦးခန့်သေဆုံးပြီး (၁၀)ဦးကျော်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

 

သေဆုံးသူများတွင် မြဝတီခရိုင်ရဲမှူး ဦးစိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိ ထွန်းထွန်းငြိမ်း၊ အထွေထွေအုပ်ချုပ်ရေး အကြီးတန်းစာရေး ပြည့်ဖြိုးအောင်၊ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်မင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် နေလင်းစိုးတို့ဖြစ်ကြောင်း သိရသည်။

 

ည(၇)နာရီဝန်းကျင်ခန့်တွင် မြဝတီမြို့လယ်ရှိ ရဲစခန်းနှင့်ခရိုင်ရုံးအား ဒရုန်းဖြင့်စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုပေါက်ကွဲမှုအား လာရောက်စစ်ဆေးသော စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာများအား ဒရုန်းဖြင့် ဗုံး(၂)လုံး ထပ်မံတိုက်ခိုက်ရာမှ အများအပြား ထိခိုက်သေဆုံးခြင်းဖြစ်ကြောင်း ဒေသသတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုသည် Federal Wings ဒရုန်းတပ်ဖွဲ့၏ တိုက်ခိုက်မှုဖြစ်ကြောင်း ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ မီဒီယာများထံ ဖြေကြားထားသည်။