ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူး ခံရတဲ့သူများကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)က ရှာဖွေဖော်ထုတ်တဲ့ နိုင်ငံခြားသား ၂၆၁ ဦး ကို ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး ၎င်းထဲမှ အီသီယိုးပီးယား နိုင်ငံသား အများဆုံးပါဝင် တယ်လို့ သိရပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီလ(၁၂)ရက် နေ့လယ်ပိုင်းက လူကုန်ကူးခံရသူနိုင်ငံခြားသား (၂၆၁)ဦးကို ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။
လူကုန်ကူးခံရသူများထဲမှာ အီသီယိုးပီးယားနိုင်ငံသား ၁၃၈ ဦး၊ ကင်ညာ ၂၃ ဦး၊ ဖိလစ်ပိုင် ၁၆ ဦး၊ မလေးရှား ၁၅ ဦး၊ ပါကစ္စတန် ၁၂ ဦး၊ တရုတ် ၁၀ ဦး၊ အင်ဒိုနီးရှား ၈ ဦး၊ ထိုင်ဝမ် ၇ ဦး၊ နီပေါ ၇ ဦး၊ လာအို ၆ဦး၊ ယူဂန်ဒါ ၆ ဦး၊ ဘင်္ဂလားဒေ့ရှ် ၂ ဦး၊ ဘရာဇီး ၂ ဦး၊ ဘူရွန်ဒီ ၂ ဦးနဲ့ တန်ဇန်းနီးယား၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ အိန္ဒိယစတဲ့ နိုင်ငံတို့မှ ၁ ဦးစီ ပါဝင်တယ်လို့ ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့စစ်ဆေးချက်အရသိရတယ်လို့ မဲဆောက်သတင်းမှာဖော်ပြထားပါတယ်။
အဆိုပါ နိုင်ငံခြားသား (၂၆၁)ဦးကို ထိုင်းအာဏာပိုင်တွေက လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး သက်ဆိုင်ရာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့သိရပါတယ်။
Photo – Mae Sot Media