ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြန်မာ ဘက်ကိုပို့ဆောင်မည့် ဒရုန်း(၆၂)စင်းနဲ့ ဆက်စပ်ပစ္စည်းများကို မဲဆောက် စစ်ဆေးရေးဂိတ်မှာဖမ်းဆီးရမိ

မြန်မာ ဘက်ကိုပို့ဆောင်မည့် ဒရုန်း(၆၂)စင်းနဲ့ ဆက်စပ်ပစ္စည်းများကို မဲဆောက် စစ်ဆေးရေးဂိတ်မှာဖမ်းဆီးရမိ

Hsan Loi Editor
15/08/2024
Share:

 

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊မဲ့လမောင်း ကျေးရွာအုပ်စု၊ ဟွေ့ယဥကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် ဩဂုတ်လ(၁၁)ရက်က ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသည့် ထရပ်ကားတစ်စီးကို မဲဆောက်မြို့ တာဝန်ရှိသူများက တားဆီးစစ်ဆေးရာ မြန်မာဘက်ကိုပို့ဆောင်မည့် ဒရုန်း(၆၂)စင်းနဲ့ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။

 

အဆိုပါ ဖမ်းဆီးရမိသည့် ပစ္စည်းထဲတွင် UAV အမှတ်တံဆိပ် X- UAU မော်ဒယ် Talon ဒရုန်း(၆၀)စင်း၊ DJI MAVICE (၂) စင်း၊ DJI ဘက္ထရီ (၃၅) လုံးနဲ့ UAV မော်တာ (၄၆)လုံး ပါဝင်ပြီး ၎င်းတာဝန်ယူပို့ဆောင်ပေးသည့် ပုဂ္ဂလိက ပို့ဆောင်ရေးကုမ္ပဏီတစ်ခုကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း မဲဆောက်သတင်းရင်းမြစ်မှ သိရသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ(၇)ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီဒေသမှာရှိသည့် အွန်လိုင်းလောင်းကစားရုံများနှင့် ငွေလိမ်ဂိုဏ်းများထံ ပို့ဆောင်မည့် StarLink အင်တာနက် (၁၉)ခုနှင့် မြန်မာနိုင်ငံသား(၂)ဦးကို မဲဆောက်ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း သိရသည်။

 

အလားတူ ယခုနှစ်ဇွန်လပိုင်းကလည်း ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှ ကရင်ပြည်နယ်၊ မြဝတီဒေသမှာရှိတဲ့ အွန်လိုင်း Casino ရုံများနှင့် ‌ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းတွေဆီပို့ဆောင်မည့် StarLink အင်တာနက်(၅၈)ခု ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။