ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြန်မာ ပယောဂဆရာ ကြိမ်လုံးကြောင့် ရောဂါမပျောက်ပဲ လူနာသေသွားသည့်ဖြစ်ရပ် 

မြန်မာ ပယောဂဆရာ ကြိမ်လုံးကြောင့် ရောဂါမပျောက်ပဲ လူနာသေသွားသည့်ဖြစ်ရပ် 

Hsan Loi Editor
30/07/2023
Share:

 

ပယောဂသွားကုရင်း သေဆုံးသွားသူသည် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ဒေါ်နှင်းနွဲ့ အသက် ၅၉ နှစ်ဖြစ်ကြောင်း သိရသည်။ ပရကျုတ်ဆီရိခန်ခရိုင်၊ ဗန်းစဖန်းနွဲ့မြို့နယ်၌ ဖြစ်ပွားခဲ့သော လူသတ်မှုတခုဖြစ်သည်။

 

သေဆုံးသွားသူ၏ သမီးဖြစ်သူ မိနု အသက် ၃၁ နှစ် ပြောပြချက်အရ ထိုဆရာက မကောင်းဆိုးဝါးဝင်ပူးသည်ဟုဆိုကာ အလွန်အကျွံ ရိုက်၍ သေဆုံးသွားကြောင်း အသိမိတ်ဆွေများထံ အကူအညီတောင်းခံခဲ့သည်ဟု ပြောသည်။

 

ဇူလိူင်လ ၂၂ ရက်နေ့က သူမ မိခင် နေမကောင်းဖြစ်ရာက သွားနေကျ နီးစပ်ရာဆေးခန်း၌ သွားရောက်ကုသခဲ့သည်။ ဆရာဝန်က ဘာမှမဖြစ်ကြောင်း ပြောသည်ဟု သိရသည်။ မသက်သာ၍ ဆွေမျိုးတဦး၏ တိုက်တွန်းချက်အရ ပယောဂဆရာ ထွန်းစိန် အသက် ၅၁ နှစ်ထံ ဇူလိူင်လ ၂၄ ရက်က သွားရောက် ပြသခဲ့သည်။

 

ပယောဂဆရာ ထွန်းစိန်က မကောင်းဆိုးဝါး ၄ ကောင် ဝင်ပူးနေတာဟု အကြောင်းပြပြီး ဇူလိူင်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က စတင်၍ ကြိမ် တုတ်ဖြင့် ခန္ဓာကိုယ်အနှံ့ ရိုက်နှက် ကုသခဲ့သည်။ ဇူလိူင်လ ၂၅ ရက်နေ့ နံနက် ၇ နာရီအထိ အဆက်မပြတ် ရိုက်နှက်ရာ လူနာမခံနိုင်ပဲ အသက်သေဆုံးသွားခဲ့ပါသည်။

 

လူနာသေဆုံးသည်ကိုသိလျှင် ပယောဂဆရာက ထိုင်းရဲတပ်ဖွဲ့ကို တိုင်ကြားခြင်းမပြုရန်နှင့် အလျှင်မြန်ဆုံးသွားရောက်သဂြိုလ်ရန် လိမ်လည်လှည့်ဖြားပြောဆိုခဲ့သည်။

 

ဇူလိူင်လ ၂၆ ရက်နေ့တွင် တာဝန်သိပုဂ္ဂိုလ်အချို့၏ တိုင်တန်းချက်အရ ဒေါ်နှင်းနွဲ့အား မီးသဂြိုလ်ခါနီးတွင် ထိုင်းရဲတပ်ဖွဲ့က လာရောက်စစ်ဆေးကြည့်ရာ ခန္ဓာကိုယ်ပေါ်တွင် ရိုက်နှက်ထားသည့် ဒဏ်ရာ အများအပြား တွေ့ရှိခဲ့သည်။

 

ပယောဂဆရာ ထွန်းစိန် အသက် ၅၁ နှစ်ကို ဖမ်းဆီးထားပြီး ထိုင်းဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Ref: Thairath, thaich8, Tai TV online