ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြန်မာ့သမိုင်းမှာ စစ်ကောင်စီတပ်အနေနဲ့ အလျှော့ပေးလက်ခံခဲ့တဲ့ အစဥ်အလာမရှိတာကြောင့် ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ တရားသောစစ်ကို ဆက်လက်ဆင်နွှဲမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

မြန်မာ့သမိုင်းမှာ စစ်ကောင်စီတပ်အနေနဲ့ အလျှော့ပေးလက်ခံခဲ့တဲ့ အစဥ်အလာမရှိတာကြောင့် ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ တရားသောစစ်ကို ဆက်လက်ဆင်နွှဲမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

Hsan Loi Editor
29/03/2025
Share:

 

မြန်မာ့သမိုင်းမှာ အကြမ်းဖက်လမ်းစဥ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့တဲ့ ဖြစ်စဥ်တိုင်းမှာ စစ်ကောင်စီတပ်အနေနဲ့ အလျှော့ပေးလက်ခံခဲ့တဲ့ အစဥ်အလာမရှိတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

 

ယမန်နေ့ မတ်လ ၂၇ ရက် ညပိုင်းက နေပြည်တော်စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ နှစ်(၈၀)ပြည့် တပ်မတော် နေ့ စစ်ရေးပြအခမ်းအနားမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်။

 

ဒါ့အပြင် “လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကျင့်သုံးနေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေဟာ ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနဲ့အတူ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ပါဝင်လျှောက် လှမ်းရေးထက် နယ်မြေအလိုက် နယ်တစ်နယ်၊ ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင်တာကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေတွေဖြစ်ပေါ် ခဲ့ရတယ်” လို့ ဆိုပါတယ်။

 

အကြမ်းဖက်လမ်းစဥ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှုပြီး ထာဝရငြိမ်း ချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်နှင့် PDF တွေအနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွတ်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆို လမ်းဖွင့် ထားတယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။