ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြန်မာရွှေ့ပြောင်းအလုပ်သမား သျှမ်းလူငယ်တဦးက ထိုင်းသံအမတ်ဟောင်းကို သတ်ပြီးထွက်ပြေးသွား

မြန်မာရွှေ့ပြောင်းအလုပ်သမား သျှမ်းလူငယ်တဦးက ထိုင်းသံအမတ်ဟောင်းကို သတ်ပြီးထွက်ပြေးသွား

Hsan Loi Editor
10/10/2023
Share:

 

အသက် ၁၉ နှစ်အရွယ် မြန်မာအလုပ်သမားတဦးက ၆၇ နှစ်အရွယ် ထိုင်းသံအမတ်ဟောင်းကို သတ်ပြီး ထွက်ပြေးသွားခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများက ယမန်နေ့က ရေးသားဖော်ပြခဲ့ကြသည်။

 

ပြစ်မှုကျုးလွန်သူဟု စွပ်စွဲခံထားရသူသည် စိုင်းမြတ်မိုး အသက် ၁၉ နှစ်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ဘန်ကောက်၊ ဆွဲဝိဖားဝဒီး လမ်းအမှတ် ၂၀၊ ကျတူကျတ်မြို့နယ် အိမ်ရာတခု၌ ၎င်း၏အလောင်းကို ကဒ်စက္ကူများဖြင့် ထုပ်ပိုးထားပြီး ထွက်ပြေးသွားခဲ့သည်။

 

ပြစ်မှုကျုးလွန်သူဟု စွပ်စွဲခံထားရသူသည် စက်တင်ဘာလ ၂၅ ရက် မှ ၂၇ ရက်နေ့အကြား သံအမတ်ဟောင်း၏နေအိမ်သို့ ဝင်ထွက်သွားလာမှု အနည်းဆုံး ၃ ကြိမ်ရှိခဲ့သည်။

 

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ၎င်းတို့ ၂ ဦးသည် အိမ်ရာ၏ ပထမထပ်နှင့် ဒုတိယထပ်၌ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး သံအမတ်ဟောင်းကို စိုင်းမြတ်မိုးက ဓါးဖြင့်ထိုးလိုက်သည်ဟု ဆိုသည်။

 

ယင်းသို့ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ၏ အိုက်ပတ်နှင့် စမတ်ဖုန်းကို ယူဆောင်ပြီး ဆွဲဝိဖားဝတီး လမ်းအမှတ် ၂၀ မှ တက်စီဖြင့် ထွက်ခွာသွားခဲ့သည်ဟု စီစီမှတ်တမ်းများအရ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

စက်တင်ဘာလ ၂၈ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်တွင် သေဆုံးသူ၏ အိုင်ပတ်ဖြင့် ဘတ်ငွေ ၂ သောင်း ၂ ထောင်ထုတ်ယူသွားခဲ့ပြီး စမတ်ဖုန်းဖြင့် အေတီအမ်စက်၌ ၂ ကြိမ် စကန်ဖတ်ကာ စုစုပေါင်း ဘတ် ၃ သောင်း ၄ ထောင့် ၂ ရာ ထုတ်ယူခဲ့သည်ဟု ရဲမှတ်တမ်းများက ဆိုသည်။

 

ယင်းမှ ဘန်ကောက်၊ မော်ချစ်ကားကြီးကွင်းကတဆင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မှ မြန်မာဘက်ခြမ်းသို့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်က ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

 

စိုင်းမြတ်မိုးကို ဖမ်းဆီးနိုင်ရန် မြန်မာဘက်ကမ်း ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။

 

စိုင်းမြတ်မိုးနှင့် သေဆုံးသူ ထိုင်းသံအမတ်ဟောင်းသို့ ပတ်သက်ဆက်နွယ်မှုကိုလည်း ဆက်လက် ရှာဖွေဖော်ထုတ်သွားမည်ဟု သိရသည်။

 

Ref: Khaosod