ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြန်မာဘီယာနှင့်အတူ မွေးနေ့ပွဲတစ်ခုတွင် ပျော်ပါးနေသော TNLA အဖွဲ့သားများ​၏ ဓာတ်ပုံထွက်ပေါ်လာ

မြန်မာဘီယာနှင့်အတူ မွေးနေ့ပွဲတစ်ခုတွင် ပျော်ပါးနေသော TNLA အဖွဲ့သားများ​၏ ဓာတ်ပုံထွက်ပေါ်လာ

Hsan Loi Editor
02/05/2024
Share:

 

(၂၈.၄.၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်သော မွေးနေ့ပါတီတစ်ခု၌ TNLA အဖွဲ့တပ်သားများ မြန်မာဘီယာသံဗူးများနှင့်အတူ ပျော်ပါးနေသည့် ဓာတ်ပုံ အွန်လိုင်းစာမျက်နှာထက်တွင် ထွက်ပေါ်လာသည်။

TNLA အဖွဲ့သည် စစ်ကောင်စီအား သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့သိမ်းဆည်းရရှိထားသော ဒေသများတွင် စစ်ကောင်စီထုတ်ကုန်များအား ဖမ်းဆီးဖျက်ဆီးလျက်ရှိသည်။

ထိုအထဲတွင် မြန်မာဘီယာလည်း တစ်ခုအပါအဝင်ဖြစ်သော်လည်း အမျိုးသမီးတစ်ဦး​၏မွေးနေ့ပါတီပွဲတစ်ခု၌ မြန်မာဘီယာနှင့်အတူ TNLAအဖွဲ့အား မြင်တွေ့ရသည်မှာ ဝေဖန်စရာမြင်ကွင်းတစ်ခုဖြစ်ကြောင်း နမ့်ခမ်းဒေသလူငယ်များကဆိုသည်။