ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် ယမန်နေ့ညက ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ကူးစက်ရောဂါပိုးမွားများ ကာကွယ်ထိန်းချုပ်ရေးဌာနအနီးရှိ ၂ ထပ်တိုက်ခန်းကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေမှု ပြုခဲ့သည်ဟု သိရသည်။
မမေ အသက် ၂၈ နှစ်နှင့် မောင်စိုး အသက် ၁၈ နှစ်တို့ ၂ ဦးကို စိတ်ကြွဆေးပြား ၂၈ ထုပ် (၁ ထုပ်လျှင် အလုံး ၂၀၀ ပါ) ၊ စုစုပေါင်း အလုံးရေ ၈ သောင်းနှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ စစ်ဆေးမေးမြန်းမှုမှတဆင့် စိတ်ကြွဆေးပြားအားလုံးသည် မမေက ပြန်လည်ရောင်းချရန် မြဝတီမြို့ဘက်ကမ်းမှ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။