ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ အချုပ်ထောင် အကျဉ်းထောင်အသီးသီးရှိ နိုင်ငံခြားအကျဉ်းသား/သူ (၉၈) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ အချုပ်ထောင် အကျဉ်းထောင်အသီးသီးရှိ နိုင်ငံခြားအကျဉ်းသား/သူ (၉၈) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

Hsan Loi Editor
17/04/2023
Share:

 

မြန်မာတစ်နိုင်ငံလုံးရှိ အချုပ်ထောင် အကျဉ်းထောင်အသီးသီးမှ နိုင်ငံခြား အကျဉ်းသား/သူ (၉၈) ဦးအား ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီမှ ကြေညာထားသည်။

 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူများအား နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရင် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟု ထုတ်ပြန်ထားသည်။

 

အလားတူ အင်းစိန်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် သီရိလင်္ကာနိုင်ငံသား (၅) ဦး ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရသည်။