ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်း(၈)ခု သို့ ခရီးသွားလာခွင့်တားမြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာန၊ ဓနသဟာယ နှင့်ဖွံ့ဖြိုးတိုးတက်ရေးရုံး(FCDO) က ယမန်နေ့ဇူလိုင်လ (၁၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကချင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင် ခရီးသွားလာခွင့်တားမြစ်ကြောင်း ဖော်ပြထားသည်။ ဒါ့အပြင် သျှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်အလယ်ပိုင်းတို့ကိုလည်း မဖြစ်မနေသွားလာရန် လိုအပ်မှသာ သွားလာရန် ထုတ်ပြန်ချက်တွင် သိရသည်။
စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်နေသော ပဋိပက္ခများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေသည် အချိန်မရွေး ပြောင်းလဲနိုင်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။