ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်တယ်လို့ အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး ဂုရုကြီး Sri Sri Ravi Shankar က ပြောဆိုလိုက်တာပါ။
ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ စစ်ကောင်စီရုံးခန်းမမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောကြားတာဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေး လျက်ရှိမှုအခြေအနေများနဲ့ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများပြောကြားခဲ့သလို စစ်ခေါင်းဆောင် ကလည်း ဂုရုကြီး ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်တဲ့အတွက် ဝမ်းသာကြောင်းပြောပြီး ၎င်းကိုယ်တိုင် တာဝန်ထမ်းဆောင်ချိန်မှာ နိုင်ငံရေး သဘောထားကွဲလွဲမှူကြောင့် ဖြစ်ပေါ်လာတဲ့ ဆူပူမှုများနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတဲ့အကြောင်းကို ဆွေးနွေးဖလှယ်ကြပါတယ်။
ဂုရုကြီးက ဖေဖော်ဝါရီလ(၇)ရက်က မြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်ပြီး နောက်တရက်တွင် စိတ်အေးချမ်းမှုကျင့်စဥ်နဲ့ ပတ်သက်ပြီး ရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းရှင်များနဲ့တွေ့ဆုံ ဆွေးနွေးပေးကာ အမျိုးသားကဇာတ်ရုံမှာလည်း တရားကျင့်စဥ်နဲ့ အသိဉာဏ်ပွင့်လင်းမှုဆိုင်ရာသင်တန်း ပို့ချပေးခဲ့ပြီး ညပိုင်းတွင်လည်း ရွှေတိဂုံဘုရားသို့ သွားရောက်ကြည်ညိုခဲ့တယ်လို့ သိရပါတယ်။
ဂုရုကြီး Sri Sri Ravi Shankar သည် တစ်ကမ္ဘာလုံးက လေးစားရတဲ့ ဘာသာရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ခေါင်းဆောင်ဖြစ်သလို ကမ္ဘာတစ်ဝန်းလုံးကလည်း ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (၂၇)ခု အပ်နှင်းထားခံရသူလည်းဖြစ်ပါတယ်။