ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်လိုက်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Retno L.P. Marsudi မှ ကြေညာခဲ့ခြင်းအပေါ် NUG မှ ကြိုဆိုကြောင်း ထုတ်ပြန်ချက်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်လိုက်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Retno L.P. Marsudi မှ ကြေညာခဲ့ခြင်းအပေါ် NUG မှ ကြိုဆိုကြောင်း ထုတ်ပြန်ချက်

Hsan Loi Editor
14/01/2023
Share:

 

ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံး ဖွင့်လှစ်လိုက်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Retno L.P. Marsudi မှ ကြေညာခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေး အစိုးရမှ ကြိုဆိုပါသည်။

 

နိုင်ငံခြားရေးဝန်ကြီး Ms Retno မှ အထူးကိုယ်စားလှယ်ရုံး အကြီးအကဲအနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားများကို အားသွန်ခွန်စိုက် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မိမိတို့ အစိုးရမှ ယုံကြည်ပါသည်။

 

ထို့အပြင် အာဆီယံ၏ မြန်မာနိုင်ငံအပေါ် တုံ့ပြန်မှု အရှိန်ကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် Ms Retno မှ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်လာပါက အထူးကိုယ်စားလှယ် မှ ၎င်း၏တာဝန် ဝတ္တရားများကို အချိန်ပြည့် လုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်းနှင့် အထူးကိုယ်စားလှယ်ရုံး အနေ ဖြင့်လည်း အရေးကြီးသော နယ်ပယ်နှင့်ကဏ္ဍအလိုက် လူသားအရင်းအမြစ်များနှင့် ဘဏ္ဍာရေး အရင်းအမြစ်များကို ခွဲဝေချထားသည်ကို တွေ့မြင်ရပါသည်။

 

အာဆီယံတွင် အင်ဒိုနီးရှားနိုင်ငံ၏ ခေါင်းဆောင်မှု စတင်သည့်အချိန်သည် မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်းပြီး လူထု၏သဘောထား တဟုန်ထိုးမြင့်တက်နေသည့်ကာလ ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် အရေးပါသော အခိုက်အတန့်နှင့်လည်း ကိုက်ညီနေ ပါသည်။ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် ကုလသမဂ္ဂနှင့် ပြင်ပ မိတ်ဖက်နိုင်ငံများထံမှ ထောက်ခံမှုရရှိရန် အာဆီယံ ခေါင်းဆောင်များ၏ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်သည့် သမိုင်းဝင်သော ပထမဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ ပါသည်။ ဥပဒေအရ ချည်နှောင်မှုရှိသည့် အဆိုပါဆုံးဖြတ်ချက်သည် မြန်မာပြည်သူများ၏ သဘောဆန္ဒများ ကို လုံခြုံရေးကောင်စီမှ ထောက်ခံကြောင်း ပြသလိုက်သည်သာမက အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် တောင်းဆို ထားသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့အပြင် အဆိုပါ ဆုံးဖြတ်ချက်တွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ပြည့်ပြည့်ဝဝ၊ လုံလုံခြုံခြုံ၊ အဟန့်အတားမရှိ အကူအညီ လိုအပ်နေသူများထံသို့ ပေးအပ်နိုင်ရန် လိုအပ်သည်ကိုလည်း အလေးထားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီး Ms Retno မှ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်ရုံး၏ အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခြင်းတို့အပေါ် အပြည့်အဝထောက်ခံပါ ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။