ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြန်မာနယ်စပ်ကို မီးဖြတ်ပြီး တရုတ်သမ္မတကို သွားတွေ့တဲ့ ထိုင်း ဝန်ကြီးချုပ် 

မြန်မာနယ်စပ်ကို မီးဖြတ်ပြီး တရုတ်သမ္မတကို သွားတွေ့တဲ့ ထိုင်း ဝန်ကြီးချုပ် 

Hsan Loi Editor
06/02/2025
Share:

 

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှနာဝပ် ဟာထိုင်း- မြန်မာနယ်စပ်က မြန်မာဖက်ခြမ်းကို လျှပ်စစ်မီး ဖြတ်တောက်လိုက်ပြီးနောက် တရုတ်သမ္မတ ရှီကျင်းဖျင် နဲ့သွား ရောက်တွေ့ဆုံခဲ့ပါတယ် ။

 

တာချီလိတ် နဲ့ မြဝတီအပါအဝင် မြန်မာနယ်စပ်ဒေသဖက်ခြမ်းကို ရောင်းချပေးထားတဲ့ ထိုင်းကလျှပ်စစ်ဓါတ်အားတွေ ဖေဖော်ဝါရီ (၅)ရက်နေ့မှာ စတင်ဖြတ်တောက် ခံလိုက်ရတာပါ ။

 

ထိုင်းဝန်ကြီးချုပ် က ကျားဖြန့်နှိမ်နင်းရေးအတွက်လို့ဆိုပြီး လျှပ်စစ်မီး ဖြတ်တောက်လိုက်တာပါ။ အဲ့ဒီနေ့မှာပဲ ထိုင်းဝန်ကြီး ချုပ် ပေတုန်တန်ရှနာဝပ်နဲ့ အဖွဲ့က တရုတ်နိုင်ငံကို ထွက်ခွာသွားပါတယ် ။

 

ထိုင်းဝန်ကြီးချုပ်ဟာ ဒီကနေ့ (ဖေဖော်ဝါရီ ၆ ရက်) မနက်ပိုင်းမှာ တရုတ် သမ္မတ ရှီကျင်းဖျင်နဲ့ တွေ့ဆုံကြပြီး စီးပွားရေးနဲ့ကုန်သွယ်ရေးကိစ္စ အပါအဝင် နယ်စပ်ဒေသက တရုတ်ကျားဖြန့် ဂိုဏ်းကိစ္စတွေကိုလည်း ဆွေးနွေးဖွယ်ရှိတယ်လို့ဒေသသတင်းတွေက ဆိုပါတယ် ။

 

တာချီလိတ်နယ်စပ်ဒေသမှာ လာအိုက လျှပ်စစ်မီး ကို ဝယ်ယူအသုံးပြုထား တဲ့ မီးလိုင်းက လွဲရင် လျှပ်စစ်မီး အကုန်ပြတ်တောက်နေတာပါ ။ ဒါကြောင့် မြို့ခံအများစုဟာ လျှပ်စစ်မီးရရှိရေးအတွက် လာအိုကနေဝယ် သုံးကြဖို့ ပြင်ဆင်နေကြပြီလို့ သိရပါတယ် ။

Photo: Ing Shinawatra ( Facebook )