ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြန်မာတစ်နိုင်ငံလုံးနီးပါး အင်းအား ၇.၇ ပမာဏရှိ အလွန်ပြင်းတဲ့ ငလျင်လှုတ်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုများပြား

မြန်မာတစ်နိုင်ငံလုံးနီးပါး အင်းအား ၇.၇ ပမာဏရှိ အလွန်ပြင်းတဲ့ ငလျင်လှုတ်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုများပြား

Hsan Loi Editor
29/03/2025
Share:

 

ယနေ့ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးနီးပါး အင်အား ၇.၇ ပမာဏရှိ အလွန်းပြင်းတဲ့ ငလျင်လှုပ်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုများပြားတယ်လို့ သိရပါတယ်။

 

ငလျင်လှုပ်ခတ်မှုကြောင့် သျှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ ဟိုတယ်အဆောက်အဦးပြိုကျသလို စစ်ကိုင်းတံတားအဟောင်းလည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ငလျင်သည် စစ်ကိုင်းမြို့အနောက်ဘက် ၁၆ ကီလိုမီတာအကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း နဲ့တရုတ်နိုင်ငံတို့မှာလည်း သက်ရောက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆက်တွဲ မြေငလျင်များ ဆက်လှုပ်လာနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ မိုးဇလပညာရှင်က အသိပေးထားပါတယ်။

 

_cuva

Video – အောင်ပန်းဟိုတယ်ပြိုကျမှုပုံရိပ်