ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မြကန်သာ အဝိုင်းပတ်ကစျေး ဆိုင်ခန်း အသစ်တွေ  ပြည်သူ boycott ခြင်းခံရမယ်ဟုဆို 

မြကန်သာ အဝိုင်းပတ်ကစျေး ဆိုင်ခန်း အသစ်တွေ ပြည်သူ boycott ခြင်းခံရမယ်ဟုဆို 

Hsan Loi Editor
13/12/2023
Share:

 

တောင်ကြီးမြို့ရဲ့ အထင်ကရနေရာတွေထဲက တစ်ခုဖြစ်တဲ့ ညောင်ရွှေဟော်ကုန်းရပ်မှာရှိ တဲ့မြကန်သာ ရေကန် (ယခင်ညောင်ရွှေရေကန်) ပန်းခြံ ကို စစ်ကောင်စီက အဆင့်မြှင့်တင် ပြီးစျေးဆိုင်ခန်းတွေ ဆောက်လုပ်လိုက်တဲ့အပေါ် လက်ရှိမြို့ခံပြည်သူတွေကြား ဝေဖန်မှုမြှင့်တက်နေပါတယ် ။

 

” ဒီမြကန်သာဟာ တောင်ကြီး မြို့ရဲ့ အဓိကရေအရင်း အမြစ် တစ်ခုလည်းဖြစ်တယ် ၊ ထိန်းသိမ်း သင့်တဲ့အစား စစ်ကောင်စီကခုလို ဆိုင်ခန်းတွေဆောက် တော့အမှိုက်ပြဿနာ ၊ မိလ္လာ ပြဿာတွေ နဲ့ အနီးနားက သစ်ပင်တွေ ခုတ်ပစ်တော့ ရေထွက်ကို ထိခိုက်စေမှာပါ အခုဆို ဆိုင်ခန်းတွေ ကြောင့် ကန်ရဲ့အလှကိုတောင်မမြင်ရတော့ဘူးဒါ့ကြောင့် လဲ လူတွေက ရှုံ့ချကန့်ကွက်နေကြတာပေါ့ ” လို့ တောင်ကြီး မြို့ခံတစ်ဦးကပြောပါတယ် ။

 

စစ်ကောင်စီဟာ မြကန်သာ ပတ်ပတ်လည်က ဆိုင်ခန်းတွေကို ဇွန်လဆန်းပိုင်းကတည်းက အရှိန်အဟုန် နဲ့ဆောက်လုပ်နေပြီးယခုလ ဒီဇင်ဘာ အတွင်းအပြီး သတ် ဆောက်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ် ။

 

” အရင်NLD အစိုးရလက်ထက်ကတည်းက ဒီစီမံ ကိန်းရှိ နှင့်နေပြီးသား ဒါပေမဲ့ ဒီပုံစံတော့မဟုတ်ဘူးပေါ့ ၊ ကန်ပတ်ပတ်လည်ကို ဆိုင်ခန်းဆောက်တဲ့ ကိစ္စ တွေမပါဘူး နေပြည်တော်က ရေပန်းဥယာဥ်လိုပုံစံ public ဧရိယာလိုထားမယ် လို့ အရင်သျှမ်းပြည်နယ်အစိုးရ ပြောရေး ဆိုခွင့် ရှိတဲ့ ဝန်ကြီး ဦးစိုးညွှန့်လွင်ကိုယ်တိုင်ပြောခဲ့ဖူးတယ်ဗျ ၊ အခုဒီကိစ္စတွေက စည်ပင်သာယာနဲ့ တိုက်ရိုက်သက်ဆိုင်တယ် ၊ တောင်ကြီးစည်ပင်ကတော့ ခေတ်အဆက်ဆက် နာမည်ဆိုးချည်းပဲ မြို့ကိုဖျက်လွန်းလို့ သဘာဝပတ်ဝန်းကျင်လည်း အကောင်းပြန်ရဖို့တောင် မလွယ်တော့ဘူး ” လို့ တောင်ကြီး ထွေအုပ်အသိုင်းအ ဝိုင်း နဲ့နီးစပ်သူတစ်ဦးကပြောပါတယ် ။

 

ယခုလက်ရှိမှာလည်း စျေးဆိုင်ခန်းတွေကို ကြိုတင်ရောင်းချနေပြီး ယခုလ ဒါမှမဟုတ် နောက်နှစ် တစ် ပိုင်းမှာ ဖွင့်ပွဲကိုခန်းခန်းနားနားနဲ့ ကျင်းပသွားဖို့ စစ်ကောင်စီက ကြိုးပမ်းနေတယ်လို့ သူကဆိုပါတယ် ။

 

” မြကန်သာ ဆိုင်ခန်းတွေကို ဝယ်တဲ့သူမှန်သမျှဟာ ပြည်သူတွေရဲ့ boycott ခြင်းကို ခံရပါမယ် မြို့ခံထဲကပဲဝယ်ဝယ် မြို့ခံမဟုတ်တဲ့သူပဲ ဝယ်ဝယ် ပြည်သူရဲ့ ဆန့်ကျင်ဖက်မှာ လုပ်တဲ့သူတွေဖြစ်တာကြောင့် boycott ထဲမှာ ပါပါမယ် ” လို့ သျှမ်းတောင်တော်လှန်ရေး အင်အားစုတွေကသတိပေးထားပါတယ် ။

 

 

Photo credit -original uploader