ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မဲခေါင်သတင်းဖော်ပြချက်ဟာ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ကို ပြန်ရန်တိုက်ပေးသလိုဖြစ်နေဟုဆို

မဲခေါင်သတင်းဖော်ပြချက်ဟာ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ကို ပြန်ရန်တိုက်ပေးသလိုဖြစ်နေဟုဆို

Hsan Loi Editor
26/11/2022
Share:

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က မဲခေါင်သတင်းဌာနကနေ ရေးသားဖော်ပြခဲ့တဲ့ သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ထဲက SSPP ထိန်းချုပ်နယ်မြေကို စစ်ကောင်စီတပ်နဲ့ RCSS တပ်ပူးပေါင်းပြီး ဝင်ရောက်လာလို့ စစ်ရေးတင်းမာနေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

 

RCSS ထိပ်ပိုင်းခေါင်းဆောင်တဦးကတော့ “သတင်းမှားတွေတင်တာ ကြည့်ရသလောက်ကတော့ အိုးမဲသုတ် ခွပ်ခိုင်းတာ” လို့ ယူဆကြောင်း ပြောပါတယ်။ ဒါမှမဟုတ် စစ်ကောင်စီ စရဖနဲ့ နီးစပ်တဲ့သတင်းဌာနလားလို့လည်း မေးမြန်းမှုတွေရှိနေကြပါတယ်။

 

RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အွမ်ခေးကတော့ “ဒီသတင်းကလုံးဝမှန်ကန်မှုမရှိပါဘူး အခြေအမြှစ်မရှိပါဘူး” လို့ တုန့်ပြန်ပါတယ်။

 

သျှမ်းအရပ်ဖက်အဖွဲ့အစည်းအသိုင်းအဝိုင်းကတော့ စာဖတ်သူတွေ လာမကြည့်မှာစိုးလို့ ဖွသတင်း ဖြစ်ကြောင်း ရူ့မြင်ကြပါတယ်။

 

RCSS/SSA ကျိုင်းတုံ နယ်မြေခံတပ်က ဖမ်းမိခဲ့တဲ့ လားဟူပြည်သူ့စစ်အဖွဲ့တွေဆီက အိုက်စ် မူးယစ်ဆေးဝါး ၄၅၀ ကီလိုဂရမ်ကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေ ပြန်လာ လုသွားကြပြီး RCSS အနေနဲ့ စစ်ကောင်စီဘက်က ဖိအားပေး အဆိုပြုတဲ့ သဘောတူညီချက်တွေကို လက်မှတ်မထိုးခဲ့လို့ စစ်ကောင်စီဘက်က ကျေနပ်မှုမရှိဘူးလို့သာ သိရပါတယ်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/