ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မောင်တော နခခ(၅)မှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်၏ တမခ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ၊      လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း အသက်ရှင်မယ်လို့ AA အာမခံပြော

မောင်တော နခခ(၅)မှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်၏ တမခ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ၊  လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း အသက်ရှင်မယ်လို့ AA အာမခံပြော

Hsan Loi Editor
19/12/2024
Share:

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ တစ်ခုတည်းကျန်ရှိနေခဲ့သော နခခ(၅)စခန်းကြီးကို အာရက္ခတပ်တော်(AA) မှ ပြီးခဲ့သည့် ဒီဇင်ဘာလ(၈)ရက်နေ့က အပြီးသတ် ချေ မှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နခခ(၅)မှ ထွက်ပြေး လွတ်မြောက်သွားသော တမခ(၂၂)တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာလ(၁၇)ရက်နေ့မှာ အသေဖမ်းမိ ကြောင်းသိရသည်။

 

အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲခွဲ (နခခ-၅) မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက် နေသော အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့ အပါအဝင် ငွေသား သိန်း(၈၀၀) ခန့်နှင့်အတူ ဒီဇင်ဘာလ(၁၇)ရက် မွန်းတည့်ချိန်မှာ မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန်တဲ ထဲမှာ အသေဖမ်းဆီး ရမိကြောင်း AA ထံမှ သိရသည်။

 

အာရက္ခတပ်တော်သည် မောင်တောမြို့နှင့် တောင်ကုတ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများအားလုံး သိမ်းပိုက်လိုက်ပြီးသည့်နောက်တွင် အမ်းမြို့နှင့် ဂွမြို့ရှိ ရန်သူ့စခန်းများကို နေ့စဥ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

 

အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ဝန်းကျင် တွင် လက်နက်ချ အလင်းဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဖြစ်ကာ လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း အသက်ရှင်ကျန်ရစ်ပြီး မိသားစု၊ ဆွေမျိုးများနှင့် စောစောတွေ့ဆုံရမည်ဟု AA က အာမခံကြောင်း ထုတ်ပြန်ပြောကြား ထားသည်။