ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူးယစ်ဆေးဝါးသုံးစွဲသူနှင့် အိမ်ခြေရာမဲ့များ တစ်ပတ်ခြားတစ်ဦးနှုန်း သေဆုံးနေသည့် လားရှိုးမြို့၌ ပိုင်ရှင်မဲ့အလောင်းတစ်လောင်းထပ်တိုး

မူးယစ်ဆေးဝါးသုံးစွဲသူနှင့် အိမ်ခြေရာမဲ့များ တစ်ပတ်ခြားတစ်ဦးနှုန်း သေဆုံးနေသည့် လားရှိုးမြို့၌ ပိုင်ရှင်မဲ့အလောင်းတစ်လောင်းထပ်တိုး

ahadmin
17/11/2022
Share:

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အောက်တိုဘာလခန့်ကတည်းက မူးယစ်သားကောင်များနှင့် အိမ်ခြေရာမဲ့များ လမ်းဘေးသေဆုံးမှု တစ်ပတ်ခြားတစ်ဦးနှုန်းခန့် သေဆုံးမှု ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ယနေ့ နိုဝင်ဘာလ (၁၆) ရက်နေ့တွင်လည်း ပိုင်ရှင်မဲ့အလောင်း နောက်တစ်လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အမျိုးသားဖြစ်ပြီး လားရှိုးမြို့ ရပ်ကွက်(၅)၊ (၄၃) လမ်း၊ (၂၀) လမ်းနှင့် (၂၁) လမ်းကြားတွင် သေဆုံးနေခြင်းဖြစ်သည်။ သေဆုံးသည် မည်သူမည်ဝါဖြစ်မှန်း မသိရသေးဘဲ ၎င်းအလောင်းကို လားရှိုးပြည့်ဆေးရုံသို့ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၌ မူးယစ်ဆေးစွဲသူနှင့် အိမ်ခြေရာမဲ့များ လမ်းဘေးအေးခဲသေဆုံးမှု ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း ယနေ့အထိ ၎င်းပြဿနာကို ကူညီဖြေရှင်းပေးသည့် အဖွဲ့အစည်းမရှိသေးပါ။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/