ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း ကားလမ်းမကြီးနှင့်မလှမ်းမကမ်းရှိ သျှမ်းရွာများအတွင်း TNLA အဖွဲ့မှ ယူနီဖောင်းအပြည့်အစုံ လက်နက်အပြည့်အစုံဖြင့် လူနေအိမ်များအပေါ် တက်နေခြင်း၊ ညအိပ်ခြင်းများ ပြုလုပ်နေမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း သတင်းရရှိသည်။
သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် TNLA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး TNLA အဖွဲ့မှ ပြည်သူလူထုများနေထိုင်သော ကျေးရွာအတွင်း ဝင်ရောက်မှုကြောင့် ကျေးရွာထိခိုက်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောပြသည်။
“ဇယ်လန့်ဘက်မှာ တိုက်ပွဲဖြစ်ကတည်းက TNLA တွေက ရွာတွေကို ဝင်ဝင်ပုန်းကြတယ်။ စစ်ကောင်စီတပ်သားတွေလည်း ရွာသားတွေကို TNLA တွေထဲဝင်တာကို လက်ခံထားရင်ဖြစ်ဖြစ် ထမင်းကျွေးထားရင်ဖြစ်ဖြစ် ထောက်ပံ့တာဖြစ်ဖြစ်လုပ်ရင် ရွာကို မီးရှို့မယ်လို့ ကြိမ်းမောင်းထားတယ်။ အဲ့ဒါကြောင့် ရွာသားတွေက စိုးရိမ်ကြတယ်။ ဒါပေမယ့် TNLA တွေ ရွာထဲဝင်မလာဖို့ ပြောလို့လည်း မရဘူး။ ညဘက်တွေအထိ လူနေအိမ်တွေထဲမှာဝင်အိပ်ကြတယ်။ ထမင်းတွေတောင်ချက်ကျွေးခိုင်းကြသေးတယ်။” ဟု မူဆယ်မြို့နယ် ကျေးရွာတစ်ရွာမှ အမည်မဖော်လိုသူတစ်ဦးက ပြောပြသည်။
လွန်ခဲ့သော အပတ်ကလည်း TNLA အဖွဲ့က မူဆယ်မြို့နယ် ဇယ်လန့်ကျေးရွာရှိ သျှမ်းဧကရာဇ် စဝ်ဆေခန်ဖ၏ ကျူံးမြို့ရိုးအား ဘူဒိုဇာဖြင့် ညဘက်လူအိပ်ချိန်တွင် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။