နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မူဆယ်ရှိ ကျားဖြန့်ရုံကို စစ်ကောင်စီဝင်ဖမ်းကာ တရုတ်နိုင်ငံသား (၂၀)ဦးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ၊ စစ်ကောင်စီဝင်ဖမ်းစဥ် ကျားဖြန့်ရုံကို လုံခြုံရေးပေးတဲ့ ပြည်သူ့စစ်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွား

မူဆယ်ရှိ ကျားဖြန့်ရုံကို စစ်ကောင်စီဝင်ဖမ်းကာ တရုတ်နိုင်ငံသား (၂၀)ဦးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ၊ စစ်ကောင်စီဝင်ဖမ်းစဥ် ကျားဖြန့်ရုံကို လုံခြုံရေးပေးတဲ့ ပြည်သူ့စစ်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွား

Hsan Loi Editor
18/12/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မန့်ဝိန်းရပ်ကွက်မှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)ရုံကို ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၆)ရက်က စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးကာ တရုတ် နိုင်ငံသား(၂၀)ဦးခန့် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ကျားဖြန့်ရုံကို စစ်ကောင်စီ ဝင်ရောက်ဖမ်းဆီးစဥ် လုံခြုံရေး ယူထားသည့် ပြည်သူ့စစ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျားဖြန့်လုပ်ငန်းရုံမှ တရုတ်နိုင်ငံသား ကျား(၂၀)ဦးခန့်နှင့်အတူ ကျားဖြန်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၇၄ လုံး၊ Laptop ၂ လုံး၊ WiFi စက် ၅ လုံး၊ တရုတ်ငွေ ၅၅၀၀၀ ယွမ် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် သတင်းဌာနများက ဖော်ပြထားပါသည်။

ပြီးခဲ့သည့် မတ်လအတွင်းက မူဆယ်မြို့ရှိ ကျားဖြန့်ရုံများကို စစ်ကောင်စီ က ဝင်ရောက်ရှာဖွေ ဖမ်းဆီးကာ တရုတ်နိုင်ငံသား (၂၀၀)ခန့် နှင့် ဝန်ထမ်း (၅၀၀)ကျော်တို့အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။