ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူဆယ်ရှိ ကျားဖြန့်ရုံကို စစ်ကောင်စီဝင်ဖမ်းကာ တရုတ်နိုင်ငံသား (၂၀)ဦးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ၊ စစ်ကောင်စီဝင်ဖမ်းစဥ် ကျားဖြန့်ရုံကို လုံခြုံရေးပေးတဲ့ ပြည်သူ့စစ်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွား

မူဆယ်ရှိ ကျားဖြန့်ရုံကို စစ်ကောင်စီဝင်ဖမ်းကာ တရုတ်နိုင်ငံသား (၂၀)ဦးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ၊ စစ်ကောင်စီဝင်ဖမ်းစဥ် ကျားဖြန့်ရုံကို လုံခြုံရေးပေးတဲ့ ပြည်သူ့စစ်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွား

Hsan Loi Editor
18/12/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မန့်ဝိန်းရပ်ကွက်မှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)ရုံကို ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၆)ရက်က စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးကာ တရုတ် နိုင်ငံသား(၂၀)ဦးခန့် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ကျားဖြန့်ရုံကို စစ်ကောင်စီ ဝင်ရောက်ဖမ်းဆီးစဥ် လုံခြုံရေး ယူထားသည့် ပြည်သူ့စစ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျားဖြန့်လုပ်ငန်းရုံမှ တရုတ်နိုင်ငံသား ကျား(၂၀)ဦးခန့်နှင့်အတူ ကျားဖြန်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၇၄ လုံး၊ Laptop ၂ လုံး၊ WiFi စက် ၅ လုံး၊ တရုတ်ငွေ ၅၅၀၀၀ ယွမ် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် သတင်းဌာနများက ဖော်ပြထားပါသည်။

ပြီးခဲ့သည့် မတ်လအတွင်းက မူဆယ်မြို့ရှိ ကျားဖြန့်ရုံများကို စစ်ကောင်စီ က ဝင်ရောက်ရှာဖွေ ဖမ်းဆီးကာ တရုတ်နိုင်ငံသား (၂၀၀)ခန့် နှင့် ဝန်ထမ်း (၅၀၀)ကျော်တို့အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။