ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူဆယ်မြို့ ONE NINE ဓာတ်ဆီဆိုင်တွင် စခန်းချထားသော KIA အဖွဲ့အား TNLA က စာထုတ်ပြီးဖယ်ရှားခိုင်း

မူဆယ်မြို့ ONE NINE ဓာတ်ဆီဆိုင်တွင် စခန်းချထားသော KIA အဖွဲ့အား TNLA က စာထုတ်ပြီးဖယ်ရှားခိုင်း

Hsan Loi Editor
27/04/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းနောင်ရပ်ကွက်ရှိ ဦးကျောက်တဲ့ယုန် ပိုင်ဆိုင်သော ONE NINE ဓာတ်ဆီဆိုင်အတွင်း အခြေချထားသည့် KIA အဖွဲ့များအား အဆိုပါနေရာကနေဖယ်ရှားပြီး မူလပိုင်ရှင်အား ပြန်ပေးရန် TNLA က စာထုတ်ခဲ့သည်။

ONE NINE စက်သုံးဆီဆိုင်သည် စစ်ကောင်စီတပ်အာဏာမသိမ်းမီကတည်းက ဓာတ်ဆီဆိုင်မြေအောက်ခန်းတွင် မူးယစ်ဆေးဝါးချက်လုပ်သည်ကို တွေ့ရှိခဲ့သောကြောင့် NLD အစိုးရလက်ထက်ကတည်းက နိုင်ငံပိုင်အဖြစ် သိမ်းထားသော နေရာဖြစ်သည်။ ပိုင်ရှင်ဖြစ်သူ ဦးကျောက်တဲ့ယုန်လည်း ထိုဖြစ်စဉ်ဖြစ်ကတည်းက တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။

မြောက်ပိုင်းမဟာမိတ်၏ စစ်ဆင်ရေး ၁၀၂၇ ပြီးနောက် ပိုင်ရှင်ဖြစ်သူ ဦးကျောက်တဲ့ယုန်ပြန်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါနေရာကို KIA အဖွဲ့က စခန်းချနေထိုင်လျက်ရှိသည်။

ယခုအခါ အဆိုပါနေရာတွင် စခန်းချနေထိုင်လျက်ရှိသော KIA အဖွဲ့မှ ဖယ်ရှားပေးပြီး မူလပိုင်ရှင်အား ပြန်လည်ပေးအပ်ရန် TNLA က စာထုတ်လာခြင်းဖြစ်သည်။ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ KIA ဆက်ဆံရေးရုံးများအပြင် KIA အဖွဲ့ဝင်များအား ဖယ်ရှားရန် TNLA ၏ ဖိအားပေးလာမှုကြောင့် (၂)ဖက်တပ်များ တင်းမာလျက်ရှိသည်။