ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူဆယ်မြို့ စက်မှုဇုန်တွင် ကားဗုံးပေါက်ကွဲပြီး တစ်ဦးသေဆုံးကာ (၅) ဦး ဒဏ်ရာရ

မူဆယ်မြို့ စက်မှုဇုန်တွင် ကားဗုံးပေါက်ကွဲပြီး တစ်ဦးသေဆုံးကာ (၅) ဦး ဒဏ်ရာရ

Hsan Loi Editor
06/08/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စက်မှုတွင် ပြင်ဆင်ရန် ရပ်ထားသော ကားတစ်စီး ဩဂုတ်လ (၄) ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဗုံးပေါက်ကွဲမှုကြောင့် ကားသမားသေဆုံးခဲ့ပြီး ကားဝပ်ရှော့အတွင်းရှိ စက်ပြင်သမားများ (၅) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

မည်သည့်အတွက်ကြောင့် ဗုံးပေါက်ကွဲသည်ကို မသိရသေးဘဲ ပေါက်ကွဲမှုပြင်းထန်သောကြောင့် ကားဝင်းအတွင်းရှိ ကားနှင့်ဆိုင်ကယ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA အဖွဲ့တို့ တိုက်ပွားဖြစ်ပွားနေသည်မှာ ၂ ပတ်ခန့်ရှိနေပြီဖြစ်သည်။