ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူဆယ်မြို့၏ ဒုစရိုက်မှုဖြင့်နာမည်ကျော်ကြားသည့် စွမ်စော်ရပ်ကွက်၌ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိဟုဆို 

မူဆယ်မြို့၏ ဒုစရိုက်မှုဖြင့်နာမည်ကျော်ကြားသည့် စွမ်စော်ရပ်ကွက်၌ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိဟုဆို 

Hsan Loi Editor
10/04/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် (၅.၄.၂၀၂၃)ရက်နေ့ က စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့မှ နေအိမ်တစ်အိမ်အား ဝင်ရောက်ရှာဖွေရာမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝင်ရောက်ဖမ်းဆီးရာ၌ ဂွမ်းမိုင်(ခ) မာဂွမ်း၊ အဆာဖ နှင့် ဇော်လတ် တို့ (၃)ဦး အား M21 ရိုင်ဖယ်(၁၃)လက်၊ ပါရီအမျိုးအစား 81 ရိုင်ဖယ်ဒင်ခေါက်(၁)လက်၊ 22 စနိူက်ပါ(၁)လက်၊ ၁၂ဗို့ ၁လုံး၊ ထိုးပြောင်းချောသေနတ်(၁)လက်၊ လက်လုပ်သေနတ်ဒင်ခေါက်(၁)လက်၊ ၇.၆၂ x ၃၉ ကျည် (၈၉) တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး (၁) လုံး၊ ကျည်အိမ်မျိုးစုံ(၁၅)ခု နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့ မီဒီယာကွန်ယက်မှ ဖော်ပြထားသည်။

 

ဒါ့အပြင် စွမ်စော်ရပ်ကွက် အိုက်ကော(ခ)လောက်အယ် နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွမူးယစ်ဆေးပြား(၁၃၀၅၀)ပြား၊ ကက်တမင်း(၈)ဂရမ်၊ စိတ်ပြောင်းဆေးဝါး Happy Water (၉၉)ဂရမ်၊ နှင့် ကျည်မျိုးစုံ(၂၉)တောင့် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားခံများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

 

photo credit & CCDAC Myanmar