ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ဒေသအတွင်း KIA အဖွဲ့က ပထမဆုံးအကြိမ် အခွန်များ ဝင်ကောက်နေကြကြောင်း သိရသည်။ ယခင်က စယ်လန့်ကျေးရွာအတွင်း လက်နက်ကိုင် အဖွဲ့အစည်းများက အခွန်ငွေ ဝင်ကောက်ခြင်းများ မပြုခဲ့ဘဲ ယခုပထမဆုံးအကြိမ် KIA အဖွဲ့က စတင်ကောက်ခံလာခြင်းဖြစ်သည်။
သို့သော် စယ်လန့်ဒေသအတွင်း SSPP အဖွဲ့အပါအဝင် TNLA အဖွဲ့လည်း ဝင်ထွက်သွားလာနေသော ဒေသတစ်ခုဖြစ်ပြီး KIA အဖွဲ့က အခွန်ငွေ ဝင်ကောက်နေမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား စစ်ရေးတင်းမာလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
“အစကတော့ KIA အဖွဲ့က ခဏပဲလာနေမယ် အကြာဆုံး (၄ရက်ကနေ ၁၀)ရက်လောက်ပဲကြာမယ်ပေါ့။ အခုတော့ ကျေးရွာထဲကို အခွန်ငွေတွေကောက်ဖို့အတွက် စာရွက်တွေဝေနေလို့ TNLA အဖွဲ့နဲ့စကားများကြတယ်လို့ ပြောသံကြားတယ်။ ရှေ့ဆက်ဘာဖြစ်လာဦးမလဲ မသိသေးဘူး။ ဒီမှာက SSPP အဖွဲ့တွေလည်းရှိတော့ အချင်းချင်း စစ်ရေးတင်းမာလာမှာကိုပဲ စိုးရိမ်တယ်။”ဟု မူဆယ်မြို့ကို ရောက်ရှိနေသော စယ်လန့်ဒေသခံတစ်ဦး ပြောသည်။
စယ်လန့်ကျေးရွာတွင် သျှမ်းတိုင်းရင်းသားလူမျိုးအများဆုံးနေထိုင်သော ဒေသတစ်ခုဖြစ်သည်။ လွန်ခဲ့သော ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၉) ရက်နေ့တွင် KIA အဖွဲ့က စယ်လန့်တိုက်နယ်အတွင်းမှ ဆုတ်ခွာပေးခဲ့ပြီး TNLA အဖွဲ့က ဝင်ရောက်နေရာယူလာသော ဒေသဖြစ်သည်။