ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

မူဆယ်မြို့နယ် စယ်လန့်ဒေသအတွင်း KIA အဖွဲ့က ပထမဆုံးအကြိမ် အခွန်ဝင်ကောက်

မူဆယ်မြို့နယ် စယ်လန့်ဒေသအတွင်း KIA အဖွဲ့က ပထမဆုံးအကြိမ် အခွန်ဝင်ကောက်

Hsan Loi Editor
16/10/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ဒေသအတွင်း KIA အဖွဲ့က ပထမဆုံးအကြိမ် အခွန်များ ဝင်ကောက်နေကြကြောင်း သိရသည်။ ယခင်က စယ်လန့်ကျေးရွာအတွင်း လက်နက်ကိုင် အဖွဲ့အစည်းများက အခွန်ငွေ ဝင်ကောက်ခြင်းများ မပြုခဲ့ဘဲ ယခုပထမဆုံးအကြိမ် KIA အဖွဲ့က စတင်ကောက်ခံလာခြင်းဖြစ်သည်။

 

သို့သော် စယ်လန့်ဒေသအတွင်း SSPP အဖွဲ့အပါအဝင် TNLA အဖွဲ့လည်း ဝင်ထွက်သွားလာနေသော ဒေသတစ်ခုဖြစ်ပြီး KIA အဖွဲ့က အခွန်ငွေ ဝင်ကောက်နေမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား စစ်ရေးတင်းမာလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

 

“အစကတော့ KIA အဖွဲ့က ခဏပဲလာနေမယ် အကြာဆုံး (၄ရက်ကနေ ၁၀)ရက်လောက်ပဲကြာမယ်ပေါ့။ အခုတော့ ကျေးရွာထဲကို အခွန်ငွေတွေကောက်ဖို့အတွက် စာရွက်တွေဝေနေလို့ TNLA အဖွဲ့နဲ့စကားများကြတယ်လို့ ပြောသံကြားတယ်။ ရှေ့ဆက်ဘာဖြစ်လာဦးမလဲ မသိသေးဘူး။ ဒီမှာက SSPP အဖွဲ့တွေလည်းရှိတော့ အချင်းချင်း စစ်ရေးတင်းမာလာမှာကိုပဲ စိုးရိမ်တယ်။”ဟု မူဆယ်မြို့ကို ရောက်ရှိနေသော စယ်လန့်ဒေသခံတစ်ဦး ပြောသည်။

 

စယ်လန့်ကျေးရွာတွင် သျှမ်းတိုင်းရင်းသားလူမျိုးအများဆုံးနေထိုင်သော ဒေသတစ်ခုဖြစ်သည်။ လွန်ခဲ့သော ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၉) ရက်နေ့တွင် KIA အဖွဲ့က စယ်လန့်တိုက်နယ်အတွင်းမှ ဆုတ်ခွာပေးခဲ့ပြီး TNLA အဖွဲ့က ဝင်ရောက်နေရာယူလာသော ဒေသဖြစ်သည်။