ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မူဆယ်စျေး အဝင်လမ်းဆုံ၌ ငွေလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်သူအား လုယက်သူ (၃) ဦးမှ သေနတ်ဖြင့်ပစ်ခတ်ပြီး ငွေများလုယက်သွားဟုဆို

မူဆယ်စျေး အဝင်လမ်းဆုံ၌ ငွေလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်သူအား လုယက်သူ (၃) ဦးမှ သေနတ်ဖြင့်ပစ်ခတ်ပြီး ငွေများလုယက်သွားဟုဆို

Hsan Loi Editor
27/08/2023
Share:

 

ယနေ့ ဩဂုတ်လ (၂၇) ရက်နေ့ နံနက် (၈) နာရီဝန်းကျင်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို ညဈေးလမ်းနှင့် စည်ပင်ဈေးလမ်းဆုံတွင် တရုတ်-မြန်မာငွေ လဲလှယ်ခြင်း လုပ်ငန်းလုပ်ကိုင်သူအမျိုးသမီးတစ်ဦးအား လူ (၃) ဦးမှ သေနတ်ဖြင့်ပစ်ခတ်ပြီး ငွေလုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါလူ (၃) ဦးသည် Mask အနက်များတပ်ဆင်ထားကာ Zhoshen ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး ငွေလဲလှယ်သူအမျိုးသမီးအားပစ်ခတ်ကာ ၎င်း၏ငွေအိတ်ကိုလည်း လုယူထွက်ပြေးခဲ့သည်။

 

“ မနက် ၇ နာရီခွဲ ၈ နာရီလောက်မှာ ညဈေးနဲ့စည်ပင်ဈေးလမ်းဆုံက ငွေလဲတဲ့အမျိုးသမီးတစ်ယောက်ကို လက်နက်ကိုင်ထားတဲ့ လူငယ် (၃) ဦးက သေနတ်နဲ့လာပစ်သွားတာပေါ့။ အဓိကကတော့ ငွေလိုချင်လို့ အဲ့အမျိုးသမီးဒဏ်ရာရပြီးလဲကျသွားတဲ့အချိန် သူ့ငွေအိတ်ကိုလုပြီးထွက်ပြေးသွားတယ်ပြောတယ်။ မနက်အစောကြီးလူစည်တဲ့နေရာမှာတောင် ပေါ်တင်သေနတ်နဲ့ပစ်ပြီး ငွေလုနေတာဆိုတော့ မူဆယ်မြို့အခြေအနေကတော့ တော်တော်ဆိုးနေပြီ။ အရင်နှစ်ကတည်းက ငွေလဲတဲ့သူတွေက ခဏခဏ အလုခံရတာတွေ အိမ်ထဲအထိ ဓားပြဝင်တိုက်ခံရတာတွေ ဖြစ်ဖူးတယ်။ အခုက လက်နက်ကိုင်တွေလည်းစုံ လူတွေလည်းစုံဆိုတော့ ပိုပြီးကြောက်စရာကောင်းတယ်။ လုပ်ကိုင်စားသောက်ရတာတောင် မလုံခြုံတော့ဘူး။” ဟု မူဆယ်မြို့ဒေသခံတစ်ဦးကပြောပြသည်။

 

ငွေများလုယက်ခံရသည့်အပြင် သေနတ်ဖြင့်ပစ်ခတ်ခံရသော အမျိုးသမီးသည် အဆိုပါဒဏ်ရာကြောင့် ရွှေလီဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။ လုယက်မှုကျူးလွန်သူများကို ယခုသတင်းဖော်ပြချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပါ။