ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက် ယနေ့ ည ၆း၀၀ နာရီဝန်းကျင်ခန့်က မူစယ်မြို့ ဟိုနားရပ်ကွက်ရှိ ၆၉ ဟိုတယ်ကို အင်္ကျီအနက်ရောင်ဝတ်ထားသူ တဦးက ဗုံးဖြင့်လာပစ်သွားပါသည်။
ကံကောင်းထောက်မစွာ ဗုံးသည် ဟိုတယ်ထဲသို့ ကျရောက်ခဲ့ခြင်းမရှိဘဲ အပြင်၌သာ ကျသွားဟန်တွေ့မြင်ရပါသည်။
ဗုံးပေါက်ကွဲမှုကြောင့် မော်တော်ဆိုင်ကယ် ၂ စီး ပျက်စီးသွားသည်။
အလားတူ နမ့်ခမ်းမြို့တွင်လည်း ၆း၀၀ ဝန်းကျင်ခန့်တွင် ဗုံးလာပစ်သွားသည့် ဖြစ်စဉ်ရှိကြောင်း ဒေသခံတဦးက ပြောပါသည်။
မူစယ်မြို့နှင့် နမ့်ခမ်းမြို့တွင် အကြမ်းဖက်မှုများ ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေပါသည်။
Video credit to owner.