ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂၀)ဦးသေဆုံးပြီး (၅၀) ဦး ဒဏ်ရာရဟု KNU ထုတ်ပြန်

မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂၀)ဦးသေဆုံးပြီး (၅၀) ဦး ဒဏ်ရာရဟု KNU ထုတ်ပြန်

Hsan Loi Editor
09/12/2023
Share:

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့မှ (၇) ရက်နေ့အတွင်း KNU/KNLA လက်အောက်ခံတပ်ရင်းများနှင့် ပူးပေါင်းအဖွဲ့သည် မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ခမရ(၅၉၀)တပ်ရင်းဌာနချုပ်၊ မုန်းမြို့မရဲစခန်းနှင့် ကော့ပြင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၅၉၉)တပ်ရင်းဌာနချုပ်နှင့် မုန်းသာစည်တံတားကင်းတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU က ထုတ်ပြန်ဖော်ပြခဲ့သည်။

 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂၀)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ (၅၀)ဦးရှိသလို တော်လှန်ရေးတပ်သားများလည်း ထိခိုက်သေဆုံးမှုရှိသည်ဟုဆိုသည်။

 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူလူထုများလည်း ထိခိုက်သေဆုံးမှုရှိသည်ဟုဆိုသည်။

 

ယခုအခါ မုန်းမြို့အား စစ်ကောင်စီမှ ပြန်လည်နေရာယူလာသောကြောင့် ထိခိုက်သေဆုံးသူ ပြည်သူလူထုနှင့် လူနေအိမ်ပျက်စီးမှုအနေအထားအား အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။