ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်နှင့် အင်းလေးဒေသ ကျေးရွာအချို့တွင် မီတာခမဆောင်နိုင်သည့်ကျေးရွာများကို စစ်ကောင်စီက ရွာလုံးကျွတ်မီးဖြတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ ကျွန်တော်တို့မှာ ကိုဗစ်ဖြစ်တဲ့အချိန်ကစပြီး ဒီနေ့အချိန်ထိဆင်းရဲသားတွေမှာ စားဝတ်နေရေးကြပ်တည်းနေတာ လူတိုင်းကို လိုက်ပြောပြနေစရာမလိုဘူး မျက်မြင်ပါပဲ ၊ ကိုဗစ်ကာလ ဒေါ်စုလက်ထက်တုန်းကဆို မီတာခလွတ် ငြိမ်းခွင့်ပေးပေမဲ့ ခုစစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်လက်ထက်မှာ အဲဒီအချိန် မဆောင်လိုက်ရတဲ့ဟာတွေပါရော စုပြီးဆောင်ခိုင်းတယ်” ဟု အင်းလေးဒေ သခံတစ်ဦးကပြောသည်။
စစ်ကောင်စီက စားဝတ်နေရေးကြပ်တည်း၍ မီတာခ မဆောင်နိုင်သော အိမ်များအပါအဝင် မီတာခဆောင်သည့် နေအိမ်များကိုပါ မီးဖြတ်နေသောကြောင့် ကျေးရွာအ တွင်း မီတာခ ဆောင်သူများနှင့် မဆောင်သူများကြား ပဋိပက္ခ ဖြစ်ပွားနေကြောင်းသိရသည်။
“ ကိုဗစ်ကာလကတည်းက မဆောင်လို့ဆိုပြီး တစ်လကိုဒဏ်ကြေးလေးထောင်ပါဆောင်ခိုင်းတော့ အခုလိုစားဝတ်နေရေးခက်ခဲနေချိန်မှာ ကျွန်တော်တို့ကျေးရွာသားတွေ ပိုပြီးဒုက္ခရောက်ရပါတယ် ၊ မီတာခမဆောင်နိုင်လို့ မီတာခမဆောင်တဲ့အိမ်တွေကိုပဲ မီးလာဖြတ်ဖို့ပြောတာကို တစ်ရွာလုံးဖြတ်လိုက်တော့ မီတာခဆောင်ချင်တဲ့အိမ်တွေက မီးမလာတော့ ကျွန်တော်တို့ကို ဒါလေးတောင်မဆောင်ရကောင်းလားဆိုပြီး ရန်ရှာတာခံရသေးတယ်။ ထရမ်ဆဖာကိုလည်း ဖောက်ခွဲမယ်ဆိုပြီးတော့ ပြောသေးတယ်” ၄င်းဒေသခံကဆိုသည် ။
စစ်ကောင်စီလက်ထက် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လျှပ်စစ်မီး ဖြတ်တောက်မှုများ ကြုံတွေ့နေရပြီး အင်းလေးဒေသရှိ မီတာခ ပုံမှန်ဆောင်ရသည့် ကျေးရွာများတွင် ငွေကြေးပိုမိုကောက်ခံမှုများရှိနေကြောင်း သိရသည် ။
ဇန်နဝါရီ ၂၅ ရက်နေ့ညက ညောင်ရွှေမြို့နယ်အတွင်း မီတာခမဆောင်သည့် နေအိမ်များကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနမှ မီးကြိုးများ လိုက်လံဖြတ်တောက်နေစဥ် ပျူစောထီးများက လုံခြုံရေးလိုက်ပါ ဆောင်ရွက်ပေးနေကြောင်း သိရသည်။