နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ပြန်လည်ဖြစ်ပေါ်

မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ပြန်လည်ဖြစ်ပေါ်

Hsan Loi Editor
22/08/2024
Share:

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ အတက်ကြမ်းပြီး ယနေ့ ဩဂုတ်လ (၂၂)ရက် မနက်ပိုင်းမှစပြီး တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ပြန်လည်ဖြစ်ပေါ်နေကြောင်း သိရသည်။

 

‌” ပြီးခဲ့တဲ့ ၂ ရက်လောက်က ရေပြန်ကျသွားလို့ ဆိုင်ရှေ့မှာ တင်ကျန်ခဲ့တဲ့ အမှိုက်တွေ၊ ရွံ့တွေ သန့်ရှင်းရေးလုပ်ပြီးတာပဲရှိတယ် ၊ဒီနေ့ ရေထပ်ကြီးပြန်ပြီ၊ ဆိုင်လည်းမဖွင့်ရဘူး” လို့ ဈေးဆိုင်တစ်ဦးက ပြောသည်။

 

တာချီလိတ်မြို့ ရပ်ကွက်အတွင်းရှိ အိမ်တွေ လမ်းတွေ ရုံးတွေမှာ ရေလျှံနေပြီး သွားလာရ ခက်ခဲတဲ့ အခြေအနေကို ရောက်ရှိနေကြောင်း သိရပါသည်။

 

ယခုလ သြဂုတ်လ (၂၁) ရက်နေ့မှ (၂၄)ရက်နေ့အထိ ရှမ်းပြည်နယ်‌တောင်ပိုင်းရှိ မြို့အချို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်နှင့် ကျိုင်းတုံ ဒေသတို့တွေမှာ မိုးများစွာရွာနိုင်ပြီး မိုးကြီး ရေလျှံသတိပြုကြဖို့ မိုး‌လေဝသနှင့်ဇလဗေဒပညာရှင် က ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။