ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တောင်ကြီးမှ ရွာငံသို့ထွက်ခွာလာသည့် မိုးမိတ်မြို့နယ်၊ ပုံကန်ကျောင်းတိုက် သံယာတော်များ လိုက်ပါစီးနင်းလာသည့် ကားသည် ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း ၉ နာရီခန့်တွင် ရွာငံလမ်းပိုင်းတနေရာ၌ တိမ်းမှောက်သွားခဲ့ပါသည်။
“ လမ်းမှာဆိုင်ကယ်တစီးနဲ့ တိုက်မိမလိုဖြစ်သွားလို့ ရှောင်လိုက်ရင်း လမ်းဘေးထဲကျ ပက်လက်လန်သွားတာပါ။ ဉူးဇင်းတို့ ကားထဲကနေ ကုန်းကုန်းကွကွထွက်လာရတာပေါ့၊ တပါးမှတော့ထိခိုက်ဒဏ်ရာမရပေမယ့် ကားတော့ ပျက်ဆီးသွားပြီ” ဟု မိုးမိတ်ဉူးဇင်းတပါးက မိန့်ပါသည်။
ပုံကန်ကျောင်းတိုက်ပိုင်သည့်ကားမဟုတ်ပဲ အသိဒါယကာတဦးထံမှ ဌားရမ်း၍စီးလာသည့်ကားဖြစ်သောကြောင့် အသစ်တစီးပြန်လည်ဝယ်ပေးရမည်ဖြစ်သည်ဟု မိန့်ပါသည်။
စေတနာရှင် ဒါယကာ ဒါယကာမများ လှူဒါန်းလိုပါက ပါဝင်လှူဒါန်းနိုင်ကြောင်း မိန့်ထားပါသည်။
Ref: Tai TV online၊ Jao Mong Mit