ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် (၁၁)နှစ်အရွယ် ကလေး(၁)ဉီးသေဆုံးပြီး (၃)ဉီးထိခိုက်ဒဏ်ရာရ

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် (၁၁)နှစ်အရွယ် ကလေး(၁)ဉီးသေဆုံးပြီး (၃)ဉီးထိခိုက်ဒဏ်ရာရ

Hsan Loi Editor
10/07/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် ဇူလိုင်လ (၉)ရက် နံနက်ပိုင်းအချိန်က ရွှေတောင်ဦးရွာနှင့် သရက်တောရွာသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် (၁၁) နှစ်အရွယ်ကလေးငယ် (၁)ဉီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၂)ဉီး ထိခိုက်ဒဏ်ရာရကာ သရက်တောဘုန်းကြီးကျောင်းမှ ဘုန်းကြီး(၁)ပါး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့‌ကြောင်း PSLF/TNLA မှ ထုတ်ပြန်ထားပါသည်။

 

ယမန်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိုးကုတ်အရှေ့ပိုင်း ပိတ်စွယ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးနှင့် မြို့လယ်ရှိနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့‌ကြောင်းသိရသည်။

 

စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား (၅၀)ဉီးသေဆုံးပြီး (၇၀)ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း PSLF/TNLA သတင်းရင်းမြစ် မှဖော်ပြထားကြောင်းသိရှိရပါသည်။