အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် (၁၁)နှစ်အရွယ် ကလေး(၁)ဉီးသေဆုံးပြီး (၃)ဉီးထိခိုက်ဒဏ်ရာရ

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် (၁၁)နှစ်အရွယ် ကလေး(၁)ဉီးသေဆုံးပြီး (၃)ဉီးထိခိုက်ဒဏ်ရာရ

Hsan Loi Editor
10/07/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် ဇူလိုင်လ (၉)ရက် နံနက်ပိုင်းအချိန်က ရွှေတောင်ဦးရွာနှင့် သရက်တောရွာသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် (၁၁) နှစ်အရွယ်ကလေးငယ် (၁)ဉီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၂)ဉီး ထိခိုက်ဒဏ်ရာရကာ သရက်တောဘုန်းကြီးကျောင်းမှ ဘုန်းကြီး(၁)ပါး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့‌ကြောင်း PSLF/TNLA မှ ထုတ်ပြန်ထားပါသည်။

 

ယမန်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိုးကုတ်အရှေ့ပိုင်း ပိတ်စွယ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးနှင့် မြို့လယ်ရှိနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့‌ကြောင်းသိရသည်။

 

စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား (၅၀)ဉီးသေဆုံးပြီး (၇၀)ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း PSLF/TNLA သတင်းရင်းမြစ် မှဖော်ပြထားကြောင်းသိရှိရပါသည်။