ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုးညှင်းမြို့ပေါ်သို့ သျှမ်းနီအမျိုးသားများတပ်မတော် (SNA) ချီဆက် အင်အားပြ

မိုးညှင်းမြို့ပေါ်သို့ သျှမ်းနီအမျိုးသားများတပ်မတော် (SNA) ချီဆက် အင်အားပြ

Hsan Loi Editor
30/10/2024
Share:

 

ယမန်နေ့ အောက်တိုဘာလ (၂၈) ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ပေါ်သို့ သျှမ်းနီအမျိုးသားများတပ်မတော် (SNA) အင်အား ရာနှင့်ချီ၍ ချီတက်အင်အားပြခဲ့ကြောင်း သတင်းရရှိသည်။

 

သျှမ်းနီအမျိုးသားများတပ်မတော် (SNA) သည် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စတင်တည်ထောင်ခဲ့ပြီး တမူး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး၊ ပင်လည်ဘူး၊ မော်လိုက်၊ ကသာ၊ ဗန်းမောက်၊ ဖားကန့်၊ ကာမိုင်း၊ မိုးညှင်း၊ မိုးကောင်း နှင့် အင်းတော်ကြီးဒေသတို့တွင် လှုပ်ရှားသော အဖွဲ့ဖြစ်သည်။

 

SNA သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ သျှမ်းနီတိုင်းရင်းသားများနှင့် အရပ်သားပြည်သူများအား ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ အနိုင်ကျင့်မှုများအန္တရာယ်မှ ကာကွယ်နိုင်ရေး၊ တိုင်းရင်းသားများ တန်းတူညီမျှရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။