ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုးညှင်းမြို့နယ် သျှမ်းလူမျိုးများနေထိုင်သည့် မော်ဟန်ကျေးရွာ အထက်တန်းကျောင်းအုပ်ကြီးအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ ကျည်ဆန်ပါသော ခြိမ်းခြောက်စာပို့

မိုးညှင်းမြို့နယ် သျှမ်းလူမျိုးများနေထိုင်သည့် မော်ဟန်ကျေးရွာ အထက်တန်းကျောင်းအုပ်ကြီးအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ ကျည်ဆန်ပါသော ခြိမ်းခြောက်စာပို့

Hsan Loi Editor
09/06/2023
Share:

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရှိ အထက်ကျောင်းအုပ်ကြီးအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ ကျည်ဆန်နှင့်အတူ ခြိမ်းခြောက်စာပို့တစ်စောင်အား ဇွန်လ (၆) ရက်နေ့က ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါစာထဲတွင် “ကျောင်းအုပ်ဆရာမကြီး သိစေရန် အကြောင်းကြားအပ်ပါတယ်။ စစ်ကောင်စီအလိုကျ ကျောင်းများကို တိုးချဲ့ဖွင့်ဘို့ ရွာကိုဖိအားပေးခြင်းမှ ချက်ချင်းရပ်ပါ။ ဆက်လက်ပြုလုပ်ပါက တစ်စုံတရာဖြစ်ပါက ကျောင်းအုပ်ဆရာမကြီး၏ တာဝန်သာဖြစ်သည်။ ပုံ/မယုံရင်ဆက်လုပ်” ဟူ၍ ရေးသားထားသည်။

မော်ဟန်ကျေးရွာသည် မိုးညှင်းမြို့နှင့် (၁၂) မိုင်ခန့်ဝေးပြီး သျှမ်းလူမျိုးများနေထိုင်သော ကျေးရွာတစ်ခုဖြစ်သည်။